Premier League,  Serie A,  ဘောလုံးသတင်း

လိုကာတယ်လီ

ယူရိုပြိုင်ပွဲမှာ အီတလီ အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်တာကြောင့် ဆက်ဆူအိုလို အသင်း ကွင်းလယ်ကစားသမား လိုကာတယ်လီ ကို ခေါ်ယူဖို့ အာဆင်နယ် နဲ့ ဂျုဗင်တပ်စ် အသင်းတို့က အပြိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။


ဂိုးလ်ကွန်းရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ် အသင်းက ကမ်းလှမ်းတဲ့ အပြီးသတ်ဝယ်ယူခွင့်နဲ့ အတူ (၂)နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အဆိုပြုခဲ့တာဖြစ်ပေမယ့် ဆက်ဆူအိုလို အသင်းက ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။


ဆက်ဆူအိုလို အသင်းကတော့ လိုကာတယ်လီ ကို အပြီးသတ်ရောင်းချချင်နေတာဖြစ်ပြီး ယူရိုသန်း(၄၀)လိုချင်နေတာပါ။လိုကာတယ်လီ ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ကစားချင်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

လိုကာတယ်လီ ကို ခေါ်ယူဖို့ ဂျုဗင်တပ်စ် အပြင် အာဆင်နယ် အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်တယ်လို့ ဆက်ဆူအိုလို အသင်း စီအီးအိုက ဝန်ခံထားဝာာဖြစ်ပါတယ်။ ဆက်ဆူအိုလို အသင်း စီးအီးအို ကတော့ လိုကာတယ်လီ ရဲ့အနာဂတ်ကို ယူရိုပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။


လိုကာတယ်လီ ကတော့ ဂျုဗင်တပ်စ် အသင်းရဲ့စိတ်ဝင်စားမှုကို နှစ်သက်သဘောကျတယ်လို့ ဆိုထားတာပါ။ အီတလီ ကစားသမားကတော့ သူနောက်ပြောင်းရွှေ့မယ့် အသင်းကို ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ ကစားသမားဟာ ယူရိုပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ဆွစ်ဇာလန် ကို အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။လိုကာတယ်လီ ဟာ ဗိုလ်လုပွဲအပါအဝင် ရှုံးထွက်ပွဲစဉ်(၃)ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။