Laliga,  ဘောလုံးသတင်း

ဂရီးဇ်မန်း

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာအသင်းမှ အသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ

ဂရီးဇ်မန်းအား တစ်ရာသီအငှားစာချုပ်ဖြင့်ခေါ် ယူနိုင်ခဲ့ပြီး လာမည့် ၂၀၂၂ ဇွန်လတွင် ယူရိုသန်း (၄၀)ဖြင့် အပြီးသတ်ဝယ်ယူခွင့်ပါရှိကြောင်း နာမည်ကျော်အားကစားဂျာနယ်လစ် Fabrezio Romano ကဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းတွင် ၂၀၁၄-၁၅ ရာသီမှ ၂၀၁၈-၁၉ ရာသီအထိ (၅)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၅၇)ပွဲကစားကာ (၁၃၃)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။