Ligue,  ဘောလုံးသတင်း

အမ်ဘတ်ပီ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ပေါ်လက်တာက အမ်ဘတ်ပီအနေနဲ့ အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီအနေ

နဲ့ဂိုးပိုသွင်းနိုင်ခဲ့မယ်ဆိုရင် လက်ခံနိုင်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၇၅ ပွဲမှာ ၁၃၅ ဂိုးအထိ သွင်းယူထားပြီး အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် မက်ဆီရောက်လာပြီးနောက်မှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်တဲ့အနေအထားအထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ပေါ်လက်တာက ” အမ်ဘတ်ပီအနေနဲ့ မက်ဆီ ရောက်လာတာကြောင့် အများကြီး တိုးတက်လာမှာပါ။ မက်ဆီ၊ နေမာ တို့နဲ့ တွဲကစားပြီး သူအနေနဲ့ နေရာလွတ်တွေ၊ ဂိုးဖန်တီးမှုတွေ၊ ဂိုးသွင်းယူမှုတွေကို ပိုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီက သူထက် ဂိုးပိုသွင်းနိုင်ခဲ့မယ်ဆိုရင်လည်း သူအနေနဲ့ လက်ခံရမှာဖြစ်ပါတယ်။

တကယ်လို့နေမာနဲ့ အမ်ဘတ်ပီ တို့ နှစ်ယောက်တည်းရှိတဲ့အချိန်တုန်းက ပီအက်စ်ဂျီအနေနဲ့ ချန်ပီယံလိဂ်မှာအောင်မြင်မှု ရခဲ့ရင် သူတို့အကြောင်းကိုပဲ ပြောဆိုနေတာကို ကြားရမှာပါ” လို့ပြောခဲ့ပါတယ်။