Ligue,  ဘောလုံးသတင်း

PSG အသင်း၏ ထိပ်တန်းကစားသမားနှစ်ဦးဖြစ်သည့် ဘာပေနှင့် နေမာတို့အကြား ပြဿနာရှိနေ

ပြင်သစ်ထိပ်သီးကလပ်အသင်းတစ်သင်း ဖြစ်သည့် PSG အသင်းသည် ယခုရာသီတွင် မက်ဆီရောက်ရှိလာခဲ့ ချိန်ကတည်းက အသင်း၏

ကြယ်ပွင့်များအကြား ပြဿနာ များရှိနေပြီး ယခုအချိန်တွင်လည်း အဓိက တိုက်စစ်မှူး နှစ် ဦးဖြစ်သည့် ဘာပေနှင့် နေမာတို့အကြား တင်းမာမှုများရှိ နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တစ်ပတ်က လိုင်ယွန်အသင်းကို (၂-၁)ဂိုး ဖြင့်အနိုင်ရရှိခဲ့သည့် ပွဲတွင် ပွဲချိန် (၇၅) မိနစ်၌ လူစားလဲ ခံခဲ့ရပြီးနောက် မက်ဆီနှင့် အသင်းနည်းပြ ပိုချက်တီနိုတို့ အကြား တင်းမာမှုများရှိခဲ့သလို၊ ယခုတစ်ပတ်တွင်လည်း ဘာပေကို လူစားလဲခဲ့ပြီးနောက် ဘာပေသည် အရန်ခုံတန်း တွင် နေမာအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ရုပ် သံပြကွက်များတွင် မြင်တွေ့ခဲ့ရသည်မှာ ဘာပေက အသင်း ဖော် အီဒရစ်ဆာအား နေမာနှင့် ပတ်သက်ပြီး စိတ်ပျက် နေသည့် ခံစားမှုကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းင်း ပြောဆိုခဲ့ သည်မှာ ”ဒီကောင်က ငါ့ကို ဘောလုံးပေးမကစားဘူး”ဟု ဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

PSG အသင်းသည် ယခုတစ်ပတ်ပွဲစဉ်တွင် မောင့် ပယ်လီယာကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းအတွက် သွင်း ဂိုးနှစ်ဂိုးကို ကွင်းလယ်လူ ဂေးယီနှင့် ဒရက်ဇ်လာတို့က သွင်းယူခဲ့ကြသည်။ ဒရက်ဇ်လာသွင်းယူခဲ့သည့် ဂိုးတွင် နေ မာက ဘာပေကို မပေးဘဲ ဒရက်ဇ်လာကို ပေးခဲ့ခြင်းအပေါ် ဘာပေက စိတ်ပျက်သည့် အမူအရာလည်း မြင်တွေ့ခဲ့ရ သည်။

ဘာပေနှင့် နေမာတို့သည် ၂၀၁၇ ကတည်းက PSG အသင်းထံသို့ အတူရောက်ရှိလာခဲ့ပြီး အသင်းဖော်ကောင်း များအဖြစ် ဖြတ်သန်းခဲ့သူများဖြစ်သည်။ ယခုရာသီတွင်မူ ထိပ်တန်းကစားသမားအချင်းချင်း အားပြိုင်မှုများရှိလာခဲ့ သည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။