Bundesliga,  ဘောလုံးသတင်း

ဟော်လန်း၏ ဒဏ်ရာ ထင်မှတ်ထားသည်ထက် ဆိုးရွားနေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ

ဒေါ့မွန်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းသည် တင်ပါးကြွက်သား ဒဏ်ရာရရှိနေပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု ခန့်မှန်းထားရာမှ ယခုအခါ ရာသီကုန်အထိ အနားယူရနိုင်သည့်အလားအလာရှိနေကြောင်း သိရသည်။

ဂျာမန်သတင်းစာ Bild က ဒေါ့မွန်အသင်းသည် ဟော်လန်း၏ဒဏ်ရာအခြေအနေမှာ မူလခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားနေပြီး ရာသီကုန်အထိ  အနားယူရဖွယ်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟော်လန်း၏ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးကလည်း ” အေဂျက်စ်နဲ့ပွဲက ဒီရာသီ ဟော်လန်းရဲ့ နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။ ဟော်လန်းရဲ့ တင်ပါးဒဏ်ရာက ထင်တာထက် ပိုဆိုးနေပါတယ်။ ဒီဇင်ဘာမှာ ပြန်ကစားနိုင်မယ်လို့ မှန်းထားပေမဲ့ ဒါက အကောင်းမြင်တာပါပဲ”ဟု ပြောကြားခဲ့သည်။