Premier League,  ဘောလုံးသတင်း

နည်းပြသစ်အက်ဒီဟောင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ အားဖြည့်ပေးသွားမည်ဟု အာမန်ဒါပြောကြား

နယူးကာဆယ်အသင်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်သလို၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည့် အာမန်ဒါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် နည်းပြသစ် အက်ဒီဟောင်းကို ကစားသမားသစ်များ ခေါ်ယူအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

အာမန်ဒါက “ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွက် ကျွန်မတို့ ပြင်ဆင်နေပါတယ်။ ဒါက ပုံမှန် ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ စျေးကွက်တစ်ခုလို မဟုတ်ပါဘူး။ လက်ရှိအချိန်က အရေးကြီးပါတယ်။ အက်ဒီဟောင်းကလည်း ဒီရာထူးကို စွန့်စွန့်စားစားလက်ခံထားတာပါ” ဟု ပြောကြားခဲ့သည်။

အက်ဒီဟောင်းသည် နယူးကာဆယ်နည်းပြရာထူးကို လက်ခံခဲ့သော်လည်း အသင်းကို တန်းမဆင်းစေရန် အာမခံမည်မဟုတ်ဟု ပြောကြားထားသည်။