Serie A,  ဘောလုံးသတင်း

လူငယ်ကြယ်ပွင့် (၃)ဦးအတွက် အေစီမီလန်အသင်း ယူရိုသန်း (၈၀) ရင်းနှီးမြှုပ်နှံမည်

အေစီမီလန်အသင်းသည် လူငယ်ကြယ်ပွင့်ကစားသမား (၃)ဦးအတွက် ယူရိုသန်း (၈၀)ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်း သိရသည်။

အေစီမီလန်အသင်း၏ အနာဂတ်ထောက်တိုင်များဟု တင်စားခံနေရသည့် နောက်ခံလူ သီယိုဟာနန်ဒက်ဇ်၊  ကွင်းလယ်လူ အစ္စမေးလ်ဘန်နက်ဆာ၊ တိုက်စစ်ကစားသမား ရာဖေးလ်လီယာအိုတို့အတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် အဆိုပါကစားသမား (၃)ဦးကို စာချုပ်သက်တမ်းတိုးရန်အတွက် စီစဉ်နေပြီး လစာ ယူရိုသန်း (၈၀)အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါကစားသမား (၃)ဦးသည် အေစီမီလန်အသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးရန် ဆွေးနွေးမှုများပြုလုပ်နေသည်။

အေစီမီလန်အသင်းသည် နောက်ခံလူ ဆိုင်မွန်ခီယာနှင့် ကွင်းလယ်လူ ကက်ဆီးတို့ကိုလည်း လစာတိုးပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။