ဘောလုံးပွဲကြိုခန့်မှန်း

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဘက်ဆစ်တက် – အေဂျက်စ် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)

အေဂျက်စ်ရဲ့ခြေစွမ်းက မယုံကြည်နိုင်လောက်အောင် ကောင်းမွန်နေပြီး ဒေါ့မွန်လိုအသင်းမျိုးကို နှစ်ပွဲဆက် အနိုင်က စားခဲ့တာ တွေ့ရတယ်။ အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲဆက်နေ ပြီး တိုက်စစ်အကောင်းဆုံးအသင်း၊ ခံစစ်အကောင်းဆုံးအသင်း အဖြစ်လည်း ရပ်တည်နေတာတွေ့ရတယ်။ ဘက်ဆစ်တက်က ဒီအုပ်စုမှာ အိမ်ဖြည့်အသင်းဖြစ်ပြီး ပွဲတိုင်းရှုံးထားတဲ့အသင်း လည်းဖြစ်တယ်။ အုပ်စုဗိုလ်နေရာ သေချာပြီးဖြစ်ပေမဲ့ အေ ဂျက်စ် နိုင်ပွဲဆက်ယူပါဦးမယ်။

အင်တာမီလန် – ရှက်တာဒိုးနက် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)

ဒီရာသီ ရှက်တာဒိုးနက်ရဲ့ခြေစွမ်းက မနှစ်ကအသင်းနဲ့ တော့ တခြားစီဖြစ်သွားတယ်။ အားနည်းချက်တွေများပြီး ရ လဒ်တွေကလည်း စိတ်ပျက်စရာကောင်းတယ်။ အင်တာမီလန် က အစောပိုင်းမှာ အမှားတွေရှိခဲ့ပေမဲ့ ရှာရစ်ဖ်ကို နှစ်ပွဲဆက် အနိုင်ကစားပြီးနောက် အခြေအနေပြန်ကောင်းလာတာ တွေ့ရ တယ်။ ဒီပွဲမှာသာ နိုင်ပွဲရခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ အခြေ အနေကောင်းသွားမှာဖြစ်တဲ့အပြင် အိမ်ကွင်းလည်းဖြစ်နေလို့ အင်တာမီလန်ပဲ အနိုင်ကစားလိမ့်မယ်။

မန်စီးတီး – PSG (ကြာသပတေးနံနက် ၂း၃၀ နာရီ)

မန်စီးတီးက ပထမအကျော့ PSG မြေမှာတုန်းက ရှုံးပွဲတွေ့ခဲ့တယ်ဆိုပေမဲ့ ခြေစွမ်းကတော့ မညံ့ခဲ့ဘူး။ PSG ထက် ပိုစုစည်းမှုရှိ၊ ပိုကောင်းပြီး အခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးနိုင်ခဲ့တယ်။ ပွဲအဖြေကတော့ ကြွေတစ်လက်ကြက်တစ်ခုန်ဖြစ်ပြီး အခွင့်အရေးကို ပိုမိုအသုံးချနိုင်တဲ့ PSG က အနိုင်ရသွားခဲ့တယ်။ အခု မန်စီးတီးအသင်းရဲ့ကွင်းမှာလည်း ခြေစွမ်းပိုင်းအရတော့ မန်စီးတီးပဲ ပိုကောင်းလိမ့်မယ်လို့ ယူဆရတယ်။ ဒါပေမဲ့ မန်စီးတီးမှာ ကျဉ်းထဲကျပ်ထဲရောက်ရင် ဂိုးတွေ ပင်တိုင်သွင်းပေးနိုင် မယ့် ကစားသမားမရှိတာ ပြဿနာပါ။ PSG မှာက ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားတွေများတယ်။ ဒီပွဲက အကြိတ်အ နယ်ရှိနိုင်တယ်။ မန်စီးတီးလည်း ခြေသာနိုင်တယ်။ အဖြေကတော့ သရေလောက်ပဲဖြစ်မယ်။

ကလပ်ဘရုဂေး – လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ကလပ်ဘရုဂေးနဲ့ လိုက်ပ်ဇစ်က နောက်တစ်ဆင့်အတွက် တော့ မျှော်လင့်ချက်မရှိတော့ဘူး။ မန်စီးတီးနဲ့ PSG တို့ကိုလည်း အမီလိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အုပ်စုတတိယနေရာ အတွက်တော့ အပြိုင်လုရဦးမှာဖြစ်တယ်။ အုပ်စုကျပ်လို့ ရလဒ် တွေဆိုးပေမဲ့ အိမ်ဖြည့်လို့ထင်ထားတဲ့ ကလပ်ဘရုဂေးရဲ့ ကစား ပုံက မဆိုးဘူးလို့ ပြောနိုင်တယ်။ ပထမအကျော့တုန်းကလည်း လိုက်ပ်ဇစ်ကွင်းမှာ အနိုင်ရထားတာကို တွေ့ရတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ သရေတော့ ထိန်းကစားနိုင်ပါတယ်။

အက်သလက်တီကို – အေစီမီလန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

အက်သလက်တီကိုက အုပ်စုတွင်းတတိယနေရာကို ရောက်နေပြီး ပေါ်တိုကို ကျော်တက်နိုင်ဖို့ ကြိုးစားရမယ်။ အေစီ မီလန်ကတော့ အုပ်စုဒုတိယနေရာလောက်အထိ မျှော်လင့်ချက် ရှိနေသေးလို့ အက်သလက်တီကိုမက်ဒရစ်ကိုလည်း အတတ် နိုင်ဆုံး အနိုင်ရအောင် ကြိုးစားဦးမှာပဲ။ လက်ရှိခြေစွမ်းအရ လည်း ဒီနှစ်သင်းကြားမှာ အရမ်းကွာဟနေတာမျိုး မရှိပါဘူး။ အက်သလက်တီကိုကွင်းဆိုပေမဲ့ သရေကျသွားနိုင်တယ်။

လီဗာပူးလ် – ပေါ်တို (ကြာသပတေးနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်က အုပ်စုတွင်းမှာ ခြေစွမ်းပြပြီး အပြတ်အ သတ် ဦးဆောင်နေတယ်။ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ် ဆင့်တက်ရုံတင်မဟုတ်ဘဲ အုပ်စုဗိုလ်နေရာကိုပါ သေချာပေါက် ယူထားပြီးတဲ့အသင်းလည်းဖြစ်တယ်။ ပေါ်တိုကွင်းမှာတုန်းက ဂိုးမိုးရွာပြီး အနိုင်ရခဲ့တာလည်း တွေ့ရတယ်။ ဒီပွဲမှာတော့ ပရီး မီးယားလိဂ်အတွက် အနားပေးတဲ့အနေနဲ့ အဓိကကစားသမား တချို့ ချန်လှပ်လိမ့်မယ်။ ပေါ်တို ရလဒ်ကောင်းနိုင်တယ်။

စပို့တင်းလစ္စဘွန်း – ဒေါ့မွန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

အုပ်စုဒုတိယနေရာကို အကြိတ်အနယ်လုရမယ့် ပွဲဖြစ် တယ်။ အုပ်စုဗိုလ်လည်း မဖြစ်နိုင်၊ အုပ်စုအောက်ဆုံးလည်း မရောက်။ အုပ်စုဒုတိယနဲ့ ယူရိုပါလိဂ် တစ်ခုခုကို သွားရမယ့်အ နေအထားဖြစ်တယ်။ ပထမအကျော့တုန်းက ဒေါ့မွန်က အိမ် ကွင်းမှာ အနိုင်ရခဲ့တယ်။ ခြေစွမ်းပိုင်းကတော့ သိပ်မကွာခဲ့ဘူး။ ဒီပွဲမှာ အိမ်ကွင်းအဖြစ်ကစားရမယ့် စပို့တင်းလစ္စဘွန်းက ပို အားသာပေမဲ့ ဒေါ့မွန် သရေလောက်တော့ ထိန်းနိုင်မယ်။

ရှာရစ်ဖ် – ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ပထမအကျော့တုန်းက ရီးယဲလ်မက်ဒရစ်လိုအသင်းကြီး ကို ဘာနေဗျူးမှာ ရှာရစ်ဖ်က အနိုင်ကစားပြခဲ့လို့ တစ်ကမ္ဘာလုံး ရှော့ခ်ဖြစ်ခဲ့ရတဲ့ပွဲဖြစ်တယ်။ ရှာရစ်ဖ်က ဒုတိယပွဲမှာလည်း ထပ် နိုင်ပြီးမှ နောက်ဆုံးမှာတော့ အင်တာမီလန်ကို နှစ်ပွဲဆက်ရှုံးခဲ့ လို့ နောက်တစ်ဆင့်တက်ဖို့ ခက်ခဲသွားတဲ့အနေအထားဖြစ် တယ်။ ရီးယဲလ်ကလည်း အုပ်စုဗိုလ်နေရာ မသေချာသေးတာ ရော လက်စားချေဖို့ပါ ကြိုးစားမှာဖြစ်ပြီး ရီးယဲလ်ကိုကြိုက်တယ်။