Bundesliga,  ဘောလုံးသတင်း

၂၀၂၁ Ballon d’Or ဆုကို လီဝန်ဒေါစကီးသာ ရသင့်သည်ဟု ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီဂန္ထဝင်ဂိုးသမားဟောင်း အိုလီဗာခန်း ပြောကြား

ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီဂန္ထဝင်ဂိုးသမားဟောင်း အိုလီဗာခန်းက ၂၀၂၁ Ballon d’Or ဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသာရသင့်ကြောင်း ပြောကြားခဲ့သည်။ 

၂၀၂၁ Ballon d’Or ဆုပေးပွဲကို နိုဝင်ဘာ ၂၉ ရက်တွင် ပါရီမြို့၌ ပြုလုပ်မည်ဖြစ်ပြီး PSG တိုက်စစ်မှူး မက်ဆီက ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ 

သို့သော် အိုလီဗာခန်းက ” Ballon d’or ဆုကို လီဝန်ဒေါစကီး မရဘူးဆိုရင် ကျွန်တော် အရမ်းစိတ်ပျက်ရပါလိမ့်မယ်။ ဒီနှစ် Ballon d’Or ဆုအတွက် လီဝန်ဒေါစကီးထက် ထိုက်တန်သူတစ်ဦးမှ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ 

လီဝန်ဒေါစကီး (၃၃ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ တွင် ၄၈ ဂိုးအထိ သွင်းယူခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ၁၉ ပွဲတွင် ၂၅ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားလျက်ရှိသည်။