Premier League,  ဘောလုံးသတင်း

၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂိုးသမား တက်ဖာရယ်လ်အား လီဗာပူးလ်အသင်း ဂိုးနည်းပြအဖြစ် ခန့်အပ်

လီဗာပူးလ်အသင်းသည် ၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ဂိုးသမား တက်ဖာရယ်လ်အား  ဂိုးနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်သူ တက်ဖာရယ်လ်အား လက်ရှိ လီဗာပူးလ်အသင်းမှ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်၏ တောင်းဆိုမှုအရ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး တက်ဖာရယ်လ်သည် လီဗာပူးလ်အသင်း၏ ဂိုးနည်းပြများဖြစ်ကြသော ဂျွန်အက်ရှ်တာဘက်ခ်၊ ဂျက်ရော်ဘင်ဆင်တို့နှင့်အတူ ဂိုးသမားများကို နည်းပြရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အင်တာနေစီယွန်နယ်၊ ပါးမား၊  ရက်ဂျီးနား၊ အက်သလက်တီကိုမင်နဲရိုး၊ ဂါလာတာစာရေး အစရှိသော အသင်းများတွင် ကစားခဲ့ဖူးသော တက်ဖာရယ်လ်သည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၀၁)ပွဲ ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိတွင် ဘရာဇီးလ်လက်ရွေးစင်အသင်း၌လည်း ဂိုးနည်းပြအဖြစ်တာဝန်ယူကာ အယ်လစ်ဆန်အပါအဝင် ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားများကို သင်ကြားပြသပေးနေကြောင်း သိရသည်။