Bundesliga,  ဘောလုံးသတင်း

လီဝန်ဒေါစကီးအားရောင်းပြီး ဟော်လန်းကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ် စဉ်းစားနေ

ဘိုင်ယန်မြူးနစ်အသင်းသည် ဒေါ့မွန်လူငယ်တိုက်စစ်မှူး ဟော်လန်းကိုခေါ်ယူရန်အတွက် အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအား ရောင်းထုတ်ကာ ငွေရှာသွားရန် စဉ်းစားနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

လီဝန်ဒေါစကီးသည် ခြေစွမ်းပြဂိုးများ သွင်းနေသော်လည်း ၎င်း၏အသက်မှာ (၃၃)နှစ်ရှိပြီဖြစ်၍ ဟော်လန်းနှင့် အစားထိုးရန် ဘိုင်ယန်မြူးနစ်အသင်း အလိုရှိနေခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်နွေရာသီတွင် လီဝန်ဒေါစကီးအား ယူရိုသန်း(၆၀)ဖြင့်ရောင်းချပြီး ဟော်လန်းကို ယူရို(၇၅)သန်းဖြင့် ဝယ်ယူနေလိုကြောင်း သိရသည်။