Ligue,  ဘောလုံးသတင်း

လာမည့်ရက်ပိုင်းအတွင်း နှစ်သက်ရာအသင်းနှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရှိတော့မည့် ဘာပေကို ခေါ်ယူနိုင်ရန် ရီးယဲလ်မက်ဒရစ် ယုံကြည်မှု ရှိနေ

လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်း ဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်း ၏ ပြင်သစ်ကြယ်ပွင့်ကစားသမား ကီလီယန်ဘာပေအား လာမည့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ယုံကြည်မှုအပြည့်ရှိနေပြီး၊ လာမည့် ရက်ပိုင်းအတွင်း နှစ်သက်ရာအသင်းနှင့် အကြိုသဘောတူစာချုပ် ချုပ်ခွင့်ရှိလာတော့မည့် ဘာပေကို စာချုပ်နိုင်ရန် ယုံကြည် နေကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအား ခေါ်ယူရန် ကာလရှည် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ပြီး ယခင်ကတည်းက PSG အသင်းထံ ကမ်းလှမ်းမှုများပြုလုပ်ခဲ့ဖူးသည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့သည်။ သို့ရာတွင် PSG အသင်းကမူ ဘာပေအား စာချုပ်သက်တမ်းတိုးနိုင်မည်ဟု ယုံကြည်နေခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းထံမှ ချဉ်းကပ်မှုများကို ငြင်းဆန်ပယ်ချခဲ့ရာမှ ယခုအချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

ဘာပေနှင့် PSG အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ လာမည့် ဇွန်လတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ဖီဖာ၏ စည်းမျဉ်းများအရ ဘာပေသည် စာချုပ်သက်တမ်းကုန်ဆုံးရန် (၆)လအလိုတွင် အခြားကလပ်အသင်းများနှင့် တရားဝင်ဆွေးနွေးခွင့်ရရှိတော့မည်ဖြစ်သည်။ ထို့အတူ မိမိပြောင်းရွှေ့လိုသည့် အသင်းနှင့်လည်း အကြိုသဘောတူစာချုပ်ချုပ်ဆိုထားခွင့်ရှိနေရာ လာမည့် ဇန်နဝါရီ (၁)ရက်နေ့မှ စတင်ပြီး ဘာပေအနေဖြင့် ယင်းအခွင့်အရေးကို ဆုပ်ကိုင်ကာ PSG အသင်းထံသို့ လစာတိုးတောင်းခြင်း သို့မဟုတ် အခြားအသင်းတစ်သင်းသင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်းတို့ကို ပြုလုပ်ခွင့်ရတော့မည် ဖြစ်သည်။ 

သို့ရာတွင် စပိန်နှင့် ပြင်သစ် မီဒီယာများ၏ အဆိုကို ကိုးကားပြီး Daily Mail သတင်းစာကမူ ဘာပေသည် ဇန်နဝါရီတွင် အခြားအသင်းတစ်သင်းသင်းနှင့် စာချုပ်ခွင့်ရှိနေသည့်တိုင် သူ၏ အနာဂတ်ကို လာမည့် မတ်လမှသာ စတင်စဉ်းစားလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ရေးသားခဲ့သည်။ ယင်းကာလသည် ရီးယဲလ်မက်ဒရစ်အသင်း နှင့် PSG အသင်းတို့ ချန်ပီယံလိဂ်တွင် ဆုံတွေ့နေ သည့် ကာလလည်းဖြစ်ပြီး ဘာပေက ယင်းပွဲရလဒ်အပေါ် မူတည်ကာ အနာဂတ်ကို စဉ်းစားဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနှင့် PSG အသင်းတို့သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်ကိုမူ မတ်လ (၉)ရက်နေ့တွင် မက်ဒရစ်မြို့၌ ယှ