Serie A,  ဘောလုံးသတင်း

ကူလူဆက်ဗ်စကီးကို ပေါင်သန်း (၄၀)ဖြင့် ဂျူဗင်တပ်စ်အသင်း ရောင်းထုတ်ဖွယ်ရှိနေ

ဂျူဗင်တပ်စ်အသင်းသည် အသင်းလူငယ်ကွင်းလယ်ကစားသမား ကူလူဆက်ဗ်စကီးကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း (၄၀)ဖြင့် ရောင်းထုတ်ဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေသည်။

ကူလူဆက်ဗ်စကီးသည် နည်းပြ အယ်လီဂရီလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ယခုရာသီတွင် (၄)ပွဲသာ ပွဲထွက်ကစားခွင့်ရထားကြောင်း သိရသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ကူလူဆက်ဗ်စကီးကို ထိုက်တန်သည့်ကြေးဖြင့် ကမ်းလှမ်းသည့်အသင်းများရှိပါက ရောင်းထုတ်ရန်ဆန္ဒရှိနေပြီး ၎င်းအတွက် ပေါင်သန်း (၄၀) အလိုရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကူလူဆက်ဗ်စကီးကို ခေါ်ယူရန် စပါးနှင့် အာဆင်နယ်အသင်းတို့ အပြိုင်စိတ်ဝင်စားနေကြပြီး စပါးအသင်းက အလေးသာနေကြောင်း သိရသည်။