Serie A,  ဘောလုံးသတင်း

ဗလာဟိုဗစ်၊ ပေါ့ဘာနှင့် ရိုမက်ဂ်နိုလီတို့ကို ခေါ်ယူရန်အတွက် ဒီလစ်အား ဂျူဗင်တပ်စ်အသင်း ရောင်းချဖွယ်ရှိနေ

ဂျူဗင်တပ်စ်အသင်းသည် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်၊ မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် အေစီမီလန်နောက်ခံလူ ရိုမက်ဂ်နိုလီတို့ကို ခေါ်ယူရန်အတွက် အသင်းနောက်ခံလူ ဒီလစ်အား ရောင်းထုတ်ဖွယ်ရှိနေကြောင်း အီတလီသတင်းစာ La Repubblica က ဖော်ပြခဲ့သည်။

ယခုရာသီကုန်တွင် မန်ယူ၊ အေစီမီလန်အသင်းတို့နှင့် စာချုပ်သက်တမ်းကုန်ဆုံးကြမည့် ပေါ့ဘာနှင့် ရိုမက်ဂ်နိုလီတို့မှာ ဒီလစ်၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ရိုင်ယိုလာနှင့် လက်တွဲထားသူများဖြစ်သည်။

La Repubblica ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် ၂၀၀၁ ခုနှစ်က ဇီဒန်းကို ရီးယဲလ်အသင်းထံသို့ ရောင်းချကာ ဘူဖွန်၊ သူရမ်နှင့် နက်ဗက်တို့ကိုခေါ်ယူခဲ့သလို၊ ယခုအခါ ဒီလစ်ကို စတေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒီလစ်သည် ၂၀၁၉ နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၈၅.၅)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သော်လည်း ရိုင်ယိုလာက ဒီလစ်အနေဖြင့် နောက်တစ်ဆင့်တက်ရန် အသင့်ဖြစ်နေပြီဟု ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ဒီလစ်ကို ခေါ်ယူရန် ဘာစီလိုနာ၊ PSG၊ ချယ်လ်ဆီးအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေသည်။

ဂျူဗင်တပ်စ်အသင်းသည် ဒီလစ်အား ရောင်းချရာမှ ရရှိသည့်ငွေကြေးများကို ဗလာဟိုဗစ်အတွက်