ဘောလုံးပွဲကြိုခန့်မှန်း

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

ဝုလ်ဖ်ဘတ် – ဟာသာဘာလင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းက (၆)ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်နား တဖြည်းဖြည်းကပ်လာတယ်။ ဒီပွဲလည်း ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ရှာဖို့ မလွယ်သေးဘူး။



အူန်ယွန်းဘာလင် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၉:၀၀ နာရီ)

ဒီရာသီမှာ ဘိုင်ယန်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားတဲ့ အူန်ယွန်းဘာလင်ရဲ့ အိမ်ကွင်းရလဒ်ပိုင်းက အဆုံးအဖြတ်ပေးမှာပါ။ အိမ်ရှင် အမှတ်ရလိမ့်မယ်။



စတုဂတ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ထားပေမဲ့ အံ့အားသင့်စရာကောင်းတာက ဒီရာသီ အဝေးကွင်းနိုင်ပွဲ လုံးဝမရှိသေးတာပါ။ စတုဂတ်ကလည်း ရလဒ်တွေ ဆိုးနေတယ်။ လိုက်ပ်ဇစ် အဝေးကွင်းနိုင်ပွဲ စရနိုင်တယ်။



မိန့်ဇ် – ဘိုဟုမ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၉:၀၀ နာရီ)

အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး အိမ်ကွင်းအားကောင်းတဲ့ မိန့်ဇ်ကိုပဲ ရွေးချယ်ချင်တယ်။



ကိုလုံး – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၉:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်း ဒုတိယရာသီဝက်ကို အရှုံးနဲ့ စ ဖွင့်ခဲ့ရတယ်။ ဂျာမန်ဖလားကလည်း မထင်မှတ်ဘဲ ထွက်ခဲ့ရလို့  ချန်ပီယံလိဂ်ပွဲစဉ်တွေ မလာခင်မှာ ဘိုင်ယန်အနေနဲ့ ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အာရုံစိုက်စရာရှိလို့ (၂)ပွဲဆက်ရလဒ်ဆိုးတဲ့ အခြေအနေတော့ အဖြစ်ခံမှာမဟုတ်ဘူး။ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဘိုင်ယန်အသင်းက (၈)ပွဲဆက် အနိုင်ကစားပြီး အပြတ်အသတ် အသာစီးရယူထားပါတယ်။ ကိုလုံးအသင်း လတ်တလောနိုင်ပွဲဆက်နေလို့ အနည်းငယ်ရုန်းကန်ရနိုင်ပေမဲ့ နိုင်ပွဲပြန်ရှာမယ့် ဘိုင်ယန်ကိုပဲ ရွေး ချယ်တာပိုကောင်းမယ်။



မိုချန်ဂလာဘတ် – လေဗာကူဆင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် ည ၁၂:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းက မြူးနစ်မြေမှာ ထိပ်ဆုံးက ဘိုင်ယန်ကို မထင်မှတ်ဘဲ အနိုင်ယူပြီး နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တယ်။ မိုချန်ရဲ့ခြေစွမ်းကို သိပ်မယုံရပေမဲ့ လေဗာကူဆင် ခြေကျနေလို့ အိမ်ရှင် အမှတ်တော့ရမှာပါ။