ဘောလုံးပွဲကြိုခန့်မှန်း

စီးရီးအေပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

ရိုးမား – ဂျီနိုအာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် ည ၈:၃၀ နာရီ)

ရိုးမားက ပြီးခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာ အံ့အားသင့်စရာသွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်နိုင်ခဲ့တယ်။ ဒါ့အပြင် ကစားသမားသစ်တွေနဲ့ စုဖွဲ့မှုပိုကောင်းလာတာကိုလည်းတွေ့ရပြီး အေဘရာဟမ် ဂိုးမြူးနေတာကလည်း ရိုးမားအတွက် နောက်ထပ် အားသားချက်တစ် ခုပါပဲ။ ဂျီနိုအာကတော့ စီးရီးအေပွဲ (၂၀)ဆက် နိုင်ပွဲပျောက်နေပြီး တန်းဆင်းဇုန်ထဲ ရောက်နေတယ်။ ရိုးမား ဂိုးပြတ်နိုင်ဖို့တောင် ရှိပါတယ်။



အင်တာမီလန် – အေစီမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် ည ၁၁:၃၀ နာရီ)

အင်တာမီလန်က နောက်ပိုင်းပွဲတွေမှာ ဂိုးများစွာရဖို့ထက် အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားလာတာ တွေ့ရတယ်။ ဦးဆောင် ဂိုးရပြီးတာနဲ့ ပွဲကိုထိန်းချုပ်ဖို့ပဲ အင်တာမီလန်အသင်း ပိုကြိုးစားလာတယ်။ အေစီမီလန်က စီးရီးအေနောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ကက်ဆီး ပြန်ရောက်လာပြီဖြစ်လို့ အရင်ပွဲတွေထက် ကွင်းလယ်ကစားပုံ ပြန်ကောင်းလာမှာပါ။ ဒါ့အပြင် အခုရာသီ ထိပ်သီးတွေနဲ့ ဆုံတွေ့တဲ့ပွဲတွေမှာ နာပိုလီတစ်သင်းတည်းကိုသာ အေစီမီလန် ရှုံးနိမ့်ခဲ့တယ်။ အင်တာမီလန်တိုက်စစ်မှာ ဂျက်ကို၊ ဆန်းချက်ဇ်၊ လော်တာရိုမာတီနက်ဇ်တို့ ဂိုးပေါက်တွေ့နေကြပေမဲ့ အေစီမီလန် ခံစစ်ကိုတော့ လွယ်လွယ်နဲ့ကျော်ဖြတ်နိုင်မယ်မထင်ဘူး။ သရေကျဖို့များပြီး ဂိုးနည်းနိုင်ပါတယ်။ (ဝ-ဝ)၊ (၁-၁)ရလဒ်တွေ ဖြစ် နိုင်တယ်။



ဖီအိုရင်တီးနား – လာဇီယို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂:၁၅ နာရီ)

ဗလာဟိုဗစ် မရှိတော့တဲ့ ဖီအိုရင်တီးနားရှေ့တန်းမှာ တိုက်စစ်မှူးသစ် ကာဘရယ်လ်နဲ့ ပွဲထွက်လာဖို့များပြီး အလုပ်ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ လာဇီယိုကတော့ နောက်ဆုံး (၆)ပွဲမှာ အင်တာမီလန်တစ်သင်းတည်းကို ရှုံးခဲ့ပြီး ခြေစွမ်းကလည်း မဆိုးပါဘူး။ ဒါပေမဲ့ ဖလောရင့်မှာ ကစားရမှာဖြစ်လို့ လာဇီယိုအတွက် လွယ်ကူမှာတော့ မဟုတ်ဘူး။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်ပြီး ဖီအိုရင်တီးနားကို ကြိုက်ပါတယ်။