ဘောလုံးပွဲကြိုခန့်မှန်း

အီတလီစီးရီးအေပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

အတ္တလန်တာ – ကာဂလီယာရီ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

အတ္တလန်တာက ကာဂလီယာရီကို ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် အနိုင်ကစားထားပြီး လက်ရှိနိုင်ပွဲပျောက်နေတယ် ဆိုတာကလည်း လာဇီယို၊ အင်တာမီလန်တို့နဲ့ ကစားခဲ့ရလို့ပါ။ ကာဂလီယာရီကတော့ တန်းဆင်းဇုန်ထဲကအသင်းဖြစ်ပြီး အ ဝေးကွင်းလည်း အရမ်းညံ့ပါတယ်။ အခုရာသီ အဝေးကွင်း နိုင်ပွဲ (၁)ပွဲသာရှိသေးတယ်။ အတ္တလန်တာ အိမ်ကွင်းမှာ ပေါက်ကွဲဖို့ ကြိုးစားမှာဖြစ်ပြီး ဂိုးပြတ်နိုင်ပါလိမ့်မယ်။

ဘိုလော့ဂ်နာ – အမ်ပိုလီ (တနင်္ဂနွေည ၈း၃၀ နာရီ)

အမ်ပိုလီက နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အကျပိုင်းရောက်လာခဲ့တယ်။ ဘိုလော့ဂ်နာကတော့ ရှုံးပွဲဆက် နေပေမဲ့ ခြေစွမ်းပိုင်းမဆိုးပါဘူး။ ဖိအားသိပ်မရှိပေမဲ့ ပထမအ ကျော့ ရှုံးေ<ကးဆပ်ဖို့လည်း ဘိုလော့ဂ်နာ ပြင်ဆင်လာပါလိမ့် မယ်။ အိမ်ရှင် သရေနဲ့ အနိုင်ပါပဲ။

ဆမ်ဒိုးရီးယား – ဆာဆူအိုလို (တနင်္ဂနွေည ၈း၃၀ နာရီ)

ဆမ်ဒိုးရီးယားရဲ့ ခြေစွမ်းက တော်တော်ဆိုးရွားလာပြီး ဖိ အားလည်း များလာခဲ့တယ်။ ဆာဆူအိုလိုကတော့ ခံစစ်အား နည်းချက်တွေရှိပေမဲ့ အဝေးကွင်း (၅)ပွဲဆက် မရှုံးသေးပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာရုန်းကန်လာမယ့် ဆမ်ဒိုးရီးယားကို ပိုကြိုက် ပြီး နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်။

ဗင်နီဇီယာ – နာပိုလီ (တနင်္ဂနွေည ၈း၃၀ နာရီ)

မီလန်ဒါဘီ ထိပ်တိုက်တွေ့ချိန်ဖြစ်လို့ နာပိုလီအသင်း အ မှတ်မလျော့ဖို့ ကြိုးစားလိမ့်မယ်။ ဒါ့အပြင် နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲရယူခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ကို နာပိုလီအသင်း ပြန်ရောက် လာခဲ့ပါပြီ။ ဗင်နီဇီယာက တန်းဆင်းအန္တရာယ်ရှိလို့ ရုန်းကန်နေ တဲ့ အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ အထမြောက်မယ်မထင်သေး ဘူး။ နာပိုလီ အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်တော့ စောင့်ကြည့် ရမယ်။

အူဒီးနီးစ် – တိုရီနို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ တိုရီနိုက အူဒီးနီးစ်ကို အသာစီးယူနိုင်တာ များပါတယ်။ လက်ရှိအနေအထားကို ကြည့် ရင်လည်း တိုရီနိုက အူဒီးနီးစ်ထက် ပိုကောင်းတဲ့အသင်းပါ။ တို ရီနိုနဲ့ပဲ ရပ်တည်သင့်ပါတယ်။

ဂျူဗင်တပ်စ် – ဗီရိုနာ (တနင်္လာနံနက် ၂း၁၅ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဂျူဗင်တပ်စ်အသင်း ပွဲတိုင်း ကို ဖိဖိစီးစီးကစားနေပြီး ပထမဆုံးပွဲထွက်လာမယ့် တိုက်စစ်မှူး သစ် ဗလာဟိုဗစ်ရဲ့ ခြေစွမ်းကိုလည်း စောင့်ကြည့်ရမယ်။ ဘန်တန် ကာ၊ ရမ်ဆေးနဲ့ ကူလူဆက်ဗ်စကီးတို့ အသင်းမှာ မရှိတော့ပေမဲ့  ဂျူဗင်တပ်စ်အသင်း အားနည်းစရာအကြောင်းတော့ မရှိပါဘူး။ ဗီရိုနာက အထက်မရောက်၊ အောက်မရောက် အသင်း ပါ။ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။