ဘောလုံးပွဲကြိုခန့်မှန်း

အီတလီစီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

ဖီအိုရင်တီးနား – အတ္တလန်တာ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

ကိုပါအီတာလီယာပြိုင်ပွဲမှာ ပူပူနွေးနွေးတွေ့ဆုံထားတဲ့အသင်းတွေဖြစ်ပြီး အဲဒီပွဲ တုန်းက ဖီအိုရင်တီးနား အနိုင်ရခဲ့တယ်။ အတ္တလန်တာက ပါပူဂိုးမက်ဇ်၊ ဂိုဆန်စ်တို့ရှိတဲ့ အချိန်ကလို မဟုတ်တော့ဘူး။ အဲဒီကစားသမားတွေလို ဒေါင်ဒေါက်မြည်ကစားနိုင်တဲ့ ကစားသမား အခုချိန်အထိ အတ္တလန်တာမှာ မရှိသေးဘူး။ ကစားရမှာကလည်း အဝေး ကွင်းဖြစ်နေတယ်။ ဖီအိုရင်တီးနားကိုပဲ ကြိုက်ပါတယ်။

ဗင်နီဇီယာ – ဂျီနိုအာ (တနင်္ဂနွေည ၈း၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး ခြေစွမ်းချင်းလည်း သိပ်မကွာ ပါဘူး။ ဂျီနိုအာကတော့ ရိုးမားကိုတောင် သရေကစားခဲ့ပြီး ရုန်း အားလည်း တော်တော်လေး ကောင်းလာတယ်။ သရေကျဖို့များ ပြီး အနိုင်ဆိုရင်တော့ ဂျီနိုအာကို ကြိုက်ပါတယ်။

အင်တာမီလန် – ဆာဆူအိုလို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

အင်တာမီလန်က ချန်ပီယံလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ရပ်အကြား ဗျာများနေနိုင်ပြီး စီးရီးအေနောက်ပိုင်းပွဲစဉ်တွေမှာလည်း နိုင်ပွဲအတွက် ရုန်းကန်လာရတာတွေ့ရတယ်။ ဒါပေမဲ့ လက်ရှိကာလမှာ စီးရီးအေပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရဖို့မရှိတာကတော့ အင်တာမီလန်အတွက် ကံကောင်းစေတဲ့ အချက်ပါပဲ။ ဆာဆူအိုလိုရဲ့ ကစားပုံက မဆိုးပေမဲ့ ခံစစ်ကတော့ အားနည်းချက်တွေ များလွန်းပါတယ်။ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီး အဲဒီ (၄)ပွဲမှာ (၁၁)ဂိုးအထိ ပေးထားရတယ်။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်ပြီး ချန်ပီယံဆုအတွက် အင်တာမီလန် အနိုင်ကစားပါလိမ့်မယ်။

အူဒီးနီးစ် – လာဇီယို (တနင်္လာနံနက် ၂း၁၅ နာရီ)

လာဇီယိုက စီးရီးအေနောက်ဆုံး (၄)ပွဲဆက် Clean Sheet ရခဲ့ပြီး ခံစစ်က တော်တော်တည်ငြိမ်လာတယ်။ အီမိုဘီ လီကလည်း အခုချိန်ထိ သွင်းဂိုးတွေအတွက် အားထားရဆဲဖြစ် ပြီး သူက စီးရီးအေဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဒုက္ခပေးနိုင် သူပါ။ အူဒီးနီးစ်ကွင်းဖြစ်ပေမဲ့ လာဇီယို အနိုင်ကစားပါလိမ့်မယ်။