Ligue,  ဘောလုံးသတင်း

မက်ဆီ ရထားတဲ့ ဘလွန်ဒေါအရေအတွက်ကို လစ်လျူရှုသလို ပြောဆိုခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေက အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းမှာ အသားကျဖို့အတွက် ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် မက်ဆီရဲ့ ဘလွန်ဒေါဆုအရေအတွက်ဟာ ပဲရစ်မှာ ဘာမှမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြဿနာအများအပြားရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားဆိုတာ အငြင်းပွားစရာမရှိဘဲ စပိန်မှာ စံချိန်ပေါင်းမြောက်မြားစွာကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ၎င်းရဲ့ စွမ်းဆောင်ရည်ကို ပြင်သစ်မှာ တထပ်တည်း ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ စန်အီတျန်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပေမယ့် ယခုရာသီ ပွဲပေါင်း ၂၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။ မက်ဆီဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ၎င်းရဲ့ ဂိုးအရေအတွက် အနည်းဆုံးရာသီနဲ့ ရင်ဆိုင်ရတော့မယ့် အနေအထားမှာရှိနေချိန်မှာ အမ်ဘာပေက မကြာသေးမီက အာဂျင်တီးနားကြယ်ပွင့် ရရှိခဲ့တဲ့ တစ်ဦးချင်းဆုတွေက ဘာမှမဟုတ်ဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့အသင်းဖော်အနေနဲ့ စွမ်းဆောင်ရည် အခိုင်အမာ မြင့်တက်လာနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “သူက အရမ်းကောင်းတဲ့ကစားသမားပါ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘဝအသစ်၊ မြို့အသစ်၊ ကလပ်အသစ်နဲ့ အသားကျအောင် လုပ်နေရတယ်ဆိုတာကို သိနေလို့ပါ။ ခင်ဗျား ဘလွန်ဒေါ ၇ ဆုရထားတယ်ဆိုရင်တောင်မှ ခင်ဗျား အသားကျအောင် လုပ်ရဦးမှာပဲ”

“ဒါပေမယ့် သူက ပိုကောင်းသည်ထက် ကောင်းလာနေပါတယ်။ သူက ပျော်ရွှင်နေပြီး ကျွန်တော် ရာသီရဲ့ ပထမပိုင်းတုန်းက အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့ အရမ်းကောင်းတဲ့မက်ဆီကိုသာ ရမယ်ဆိုရင် ပိုလို့တောင် ကောင်းဦးမယ်ဆိုတာပါ။ သူနဲ့ဆိုရင် အကုန်လုံးက လွယ်ကူသွားပါတယ်။ ကျွန်တော် အမြဲတမ်း အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ ကစားချင်ခဲ့ပြီး အရမ်းကောင်းတဲ့ကစားသမားတွေက အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ပဲ ကစားတာပါ။ ကျွန်တော်တို့ ကွင်းထဲမှာ အထစ်အငေါ့လေးတွေ ရှိပါတယ်။ ကျွန်တော့် တစ်ဦးတည်းအမြင်အရပြောရရင် အဲဒါကို ကျွန်တော် တကယ် ပျော်ရွှင်ပါတယ်”

မက်ဆီနဲ့ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ အသင်းဖော်ဖြစ်တဲ့ အိန်ဂျယ် ဒီမာရီယာက ၎င်းရဲ့ အသင်းဖော်အတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့အတွက် ကြိုးပမ်းနေပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ်မှာ ပဲရစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

“လီယိုက သိပ်မကြာခင်ကမှ ရောက်လာခဲ့တာဆိုတော့ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးပမ်းရမယ့်အလှည့်ပါ။ သူ့ကို အကြံပေးရမယ့်အလှည့်ဖြစ်ပြီး သူ့အနေနဲ့ တတ်နိုင်သမျှ မြန်မြန်အသားကျအောင်လုပ်ပေးရမှာပါ။ အဲဒါက လူတွေကို ပထမဆုံးနေ့ကနေစပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရအောင်လုပ်ဖို့အတွက် အရေးအကြီးဆုံးအရာလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေရဲ့ စနေနေ့ညက သွင်းဂိုး ၂ ဂိုးကြောင့် ဇလာတန် အီဘရာဟီမိုဗစ် သွင်းယူပေးခဲ့တဲ့ ၁၅၆ ဂိုးနဲ့ တူညီသွားခဲ့ပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီအတွက် ဂိုး ၂၀၀ သွင်းယူပေးခဲ့တဲ့ စံချိန်တင်ဂိုးသွင်းရှင် ကာဗာနီကို လိုက်မီဖို့အတွက် သွင်းဂိုးအချို့ လိုအပ်နေသေးတာဖြစ်ပါတယ်။ အမ်ဘာပေဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဥရုဂွေးတိုက်စစ်မှူးရဲ့ စံချိန်ကို အမီလိုက်ဖို့ ရည်ရွယ်ကောင်း ရည်ရွယ်နိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ဇလာတန် ဒီမှာ ဘာလုပ်ခဲ့လဲဆိုတာကို သိတဲ့အခါကျရင် အဲဒါက အထိမ်းအမှတ်တစ်ခုပါပဲ။ ဒီဟာတွေက မြင့်မားတဲ့စံတွေဖြစ်ပြီး ကျွန်တော်တို့က အထူးသီးသန့် စက်ဝိုင်းထဲမှာ ရှိနေတာပါ။ ကျွန်တော် သူနဲ့ သွင်းဂိုးတူညီအောင် လုပ်နိုင်ခဲ့ပြီး ဘာပြဿနာမှ မရှိဘူးဆိုရင် ကျွန်တော် သူ့ကိုတောင် ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ရှေ့မှာ အီဒီရှိနေပါသေးတယ်။ ကျွန်တော်တို့ ဘာတွေဘယ်လိုဖြစ်မလဲ ကြည့်ကြတာပေါ့။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာက ကဲ့ရဲ့ခံရစရာဘာမှမရှိတာ သိသာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့”လို့ အမ်ဘာပေက ထပ်လောင်းပြောကြားခဲ့ပါတယ်။