Premier League,  ဘောလုံးသတင်း

လာမည့်နွေတွင် မန်ယူသို့ ပြောင်းရွှေ့ဖွယ်ရှိသည့် အေဂျက်ဇ်နည်းပြအဲရစ်တန်ဟက် အင်္ဂလိပ်စကား သင်ယူလျက်ရှိ

လာမည့်နွေရာသီတွင် မန်ယူအသင်းက နည်းပြသစ်အဖြစ်ခန့်အပ်မည် ဟု သတင်းပြေးနေသော အေဂျက်ဇ်နည်းပြအဲရစ်တန်ဟက်သည် အင်္ဂလိပ် ဘာသာစကားကို သင်ယူနေသည်ဟု သိရှိရသည်။

လာမည့်နွေရာသီတွင် အမြဲတမ်းနည်းပြသစ်ကို မန်ယူအသင်းခန့်အပ်မည်ဖြစ်ပြီး နည်းပြသစ်ဖြစ်လာနိုင်သူများထဲတွင် အဲရစ်တန်ဟက် ထိပ်ဆုံးမှရေပန်းစားလျက်ရှိသည်။ တန်ဟက်ကလည်း ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကာ မန်ယူအသင်းကို တာဝန်ယူကိုင်တွယ်လိုနေပြီး အေဂျက်ဇ်အသင်းကလည်း တန်ဟက်နှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ဗြိတိန်မီဒီယာများက ရေးသားဖော်ပြကြသည်။

နယ်သာလန်လူမျိုးတန်ဟက်သည် အင်္ဂလန်သို့ပြောင်းရွှေ့ပါက ကစားသမားများနှင့်ဆက်သွယ်စကားပြောဆိုရလွယ်ကူစေရန် အင်္ဂလိပ် စကားသင်ယူနေပြီး သူ၏နည်းပြဗန်ဒါဂတ်နှင့်အတူ အသင်းပြောင်းရွှေ့လိုနေသည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။