ဘောလုံးပွဲကြိုခန့်မှန်း

လာလီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 

လီဗန်တေး – အက်စ်ပန်ညို (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် ည ၇:၃၀ နာရီ)

လီဗန်တေးရဲ့ခြေစွမ်းနဲ့အားထုတ်မှုက ပုံမှန်မရှိသေးဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ တိုက်စစ်ဖွင့်ကစားပြီး အမှတ်ရအောင်  ရှာနေတဲ့ လီဗန်တေးရဲ့ကစားပုံက အက်စ်ပန်ညိုအတွက် အခက်အခဲရှိနိုင်တာအမှန်ပဲ။ အက်စ်ပန်ညိုရဲ့အဝေးကွင်းကစားအားကလည်းစိတ်မချရပါဘူး။ လီဗန်တေးနဲ့ ဂိုးအများပဲကြိုက်တယ်။



ဂရန်နာဒါ – အယ်လ်ချီ (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် ည ၉:၄၅ နာရီ)

ဂရန်နာဒါ နိုင်ပွဲရအောင် ကစားပြရတော့မယ့်အချိန်ရောက်နေပါပြီ။ အယ်လ်ချီကလည်း ကစားပုံမဆိုးလှပေမဲ့ အဝေးကွင်းမှာတော့ ရှုံးပွဲဆက်နေတာတွေ့ရလို့ လက်ရှိအယ်လ်ချီရဲ့ အဝေးကွင်းကစားအားနဲ့တော့ ဂရန်နာဒါကို တားဆီးဖို့ မလွယ်လောက်ဘူး။ ဂရန်နာဒါနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲပါ။



ဗီလာရီးယဲလ် – ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မတ်လ ၁၂ ရက် ည ၁၂:၀၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်မဆုံးရှုံးရအောင် ဗီလာရီးယဲလ်တို့ အိမ်ကွင်းမှာ အမှတ်ထပ်ပြီးဆုံးရှုံးခံမယ်မထင်ဘူး။ ချန်ပီယံလိဂ်တစ်ဖက်နဲ့ အာရုံများနေနိုင်ပေမဲ့ အိမ်ကွင်းပွဲကိုတော့ သေချာအားစိုက်ကစားသွားဖို့ရှိနေတယ်။ ဆယ်လ်တာဗီဂိုကလည်း ခြေမှန်နေတယ်လို့ပြောနိုင်ပေမဲ့ အဝေးကွင်းကစားပုံ အားနည်းပါတယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲရွေးချင်တယ်။



ဂီတာဖေး – ဗလင်စီယာ (မြန်မာစံတော်ချိန် မတ်လ ၁၃ ရက် နံနက် ၂:၃၀ နာရီ)

ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်အနိုင်နဲ့ ဗလင်စီယာရဲ့ဥရောပဝင်ခွင့်မျှော်လင့်ချက် အားကောင်းလာနေတယ်။ အခုနောက်ပိုင်း ဗလင်စီယာတို့ ခံစစ်ကစားပုံလည်း တိုးတက်လာနေတယ်။ ဒါပေမဲ့  ဂီတာဖေးကလည်း အိမ်ကွင်းမှာ မဖြစ်မနေနိုင်ပွဲရှာဖို့ လိုအပ်နေတဲ့အသင်းပါ။ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲ အရဲစွန့်ရွေးမယ်။