Ligue,  ဘောလုံးသတင်း

ဂိုးပြတ်အနိုင်ရတာတောင် နေမာနဲ့ မက်ဆီတို့ ဘာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်တာ ခံခဲ့ရတာလဲ

ပီအက်စ်ဂျီစူပါစတား တိုက်စစ်မှူးတွေဟာ လိဂန်း ထိပ်သီးအသင်းကြီးကို ချန်ပီယံလိဂ် အောင်ပွဲရရှိအောင် ကူညီပေးရမှာဖြစ်ပေမယ့်လည်း ၁၆ သင်းရှုံးထွက်အဆင့်ထက် ကျော်လွန်အောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ နေမာတို့ဟာ ပီအက်စ်ဂျီအသင်းကို ၂၀၂၁၊ ၂၀၁၇ ခုနှစ်တို့မှာ အသီးသီး ရောက်ရှိလာခဲ့ပြီး ၎င်းတို့ ရောက်ရှိလာမှုက လိဂန်း ထိပ်သီးအသင်းကြီးကို ဂုဏ်သိက္ခာကြီးမားလှတဲ့ ချန်ပီယံလိဂ် သရဖူ ဆောင်းနိုင်အောင် အကူအညီဖြစ်စေလိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တောင်အမေရိက ကြယ်ပွင့် ၂ ဦဟာ မျှော်မှန်းထားတဲ့အတိုင်း အသင်းကို ကူညီပေးနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁-၂၀၂၂ ရာသီမှာလည်း ပြင်သစ်ထိပ်သီးအသင်းကြီးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဥရောပဖလားနဲ့ နောက်ထပ်တစ်ကြိမ် ဝေးကွာခဲ့ရပြန်ပြီဖြစ်ပါတယ်။

စိတ်မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်တွေဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုးတက်မှု ကင်းမဲ့မှုအပေါ် ဘော်ဒိုးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပုံချခဲ့ပြီး ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာရယူထားတဲ့ ကစားသမားတွေဟာ ပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ကြပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေက မတ်လ ၁၃ ရက်နေ့က ဘော်ဒိုးနဲ့ ကစားခဲ့တဲ့ ပြည်တွင်းပွဲစဉ်အတွင်း မျှော်မှန်းထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပုခုံးထမ်းပေးလိမ့်မယ်လို့ ယူဆထားတဲ့ ကစားသမား ၂ ဦးဟာ ဝေဖန်မှုတွေကနေ ကင်းလွတ်ခွင့်မရနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ နေမာတို့ဟာ ပဲရစ်မှာ ပွဲထွက်လူစာရင်း ကြေညာတဲ့အချိန်မှာ ၎င်းတို့ရဲ့နာမည်ကို အော်ဟစ်ပြီး လှောင်ပြောင်ခဲ့တာကို ခံခဲ့ရပြီး ပွဲစတင်တဲ့ ဝီစီမှုတ်တာနဲ့ လက်ခေါက်မှုတ်သံတွေက ဆက်လက်ပေါ်ထွက်နေခဲ့တာဖြစ်ပါတယ်။ နေမာနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရမှုအတွက် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရပြီး တောင်အမေရိကကြယ်ပွင့် ၂ ဦးဟာ စပိန်မြေမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အသင်းအတွက် ထူးထူးခြားခြား ကူညီပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ မက်ဆီနဲ့ နေမာတို့အတွက် ပီအက်စ်ဂျီအသင်းက ရင်းနှီးမြှုပ်နှံခဲ့ရမှုအတွက် အနည်းငယ် ပြန်ရနိုင်မယ်လို့ ယူဆထားခဲ့ကြတာဖြစ်ပြီး နေမာဟာ ဒဏ်ရာပြဿနာကြောင့် ပုံမှန် ကုသမှုခံယူနေခဲ့ရသလို မက်ဆီကလည်း ပီအက်စ်ဂျီအတွက် အဖွင့် ၂၆ ပွဲမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပေမယ့် ၇ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ယခုရာသီ အသင်းအတွက် အနိုင်ဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ခီလီယန် အမ်ဘာပေကတော့ ပီအက်စ်ဂျီပရိသတ်အများစုရဲ့ အမြင်မှာ သူရဲကောင်းအဖြစ် ရှိနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးပမ်းခဲ့ပြီး အဝေးကွင်းရော၊ အိမ်ကွင်းမှာပါ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ အသင်းဖော်တွေက အသင်းကို စိတ်ပျက်ရအောင် လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရခြင်းမရှိသေးတာကြောင့် ယခုနွေရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့နိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့် ပီအက်စ်ဂျီပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးမှာလည်း သူ့အကြောင်းနဲ့သူ ရှိလိမ့်မယ်ဆိုတာကို ဆက်လက်ထောက်ခံနေတဲ့အတွက် နောက်ထပ် မလိုလားအပ်တဲ့ စိတ်အနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် ခွင့်လွှတ်ပေးဖို့ ကြိုတင်ပြင်ဆင်ထားကြပုံ ပေါ်ခဲ့ပါတယ်။