ဘောလုံးပွဲကြိုခန့်မှန်း

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းအသင်းက လိုင်ယွန်၊ ဘာစီလိုနာအသင်းက ဖရန့်ဖတ်တို့နဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်ရဖို့ရှိပြီး ကွာတား(၄)ပွဲစလုံးကလည်း ပြိုင်ဘက်အသင်း(၂)သင်းအကြား ကွာဟချက်နည်းလို့ စိတ်ဝင်စားစရာကောင်းနေပါတယ် . . .

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းအသင်းက လိုင်ယွန်၊ ဘာစီလိုနာအသင်းက ဖရန့်ဖတ်တို့နဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်ရဖို့ရှိပြီး ကွာတား(၄)ပွဲစလုံးကလည်း ပြိုင်ဘက်အသင်း(၂)သင်းအကြား ကွာဟချက်နည်းလို့ စိတ်ဝင်စားစရာကောင်းနေပါတယ် . . .

လိုက်ပ်ဇစ် နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

အတ္တလန်တာအသင်းက ယူရိုပါလိဂ်(၄)ပွဲစလုံး အနိုင်ကစားထားပြီး ပြီးခဲ့တဲ့အဆင့်မှာ လေဗာကူဆင်အသင်းကို နှစ်ကျော့စလုံး အနိုင်ယူခဲ့တာပါ။ နှစ်သင်းစလုံးက ခြေစွမ်းအတက်ဘက်ရောက်နေပြီး လိုက်ပ်ဇစ်အသင်းအဖို့ အသင်းသမိုင်းမှာ ပထမဆုံး အဓိကဖလားအိပ်မက်တွေရှိနေလို့ ပြိုင်ပွဲတိုင်းကို ဖိဖိစီးစီးကစားမှာ သေချာပါတယ်။ ဂျာမန်မြေဖြစ်လို့ လိုက်ပ်ဇစ်ပဲ အနိုင်ရဖို့များတယ်။

ဖရန့်ဖတ် နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၃၀ နာရီ)

ဘာစီလိုနာအသင်းက နည်းပြ ဇာဗီလက်ထက်မှာ တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ ဒါ့အပြင် အသင်းသမိုင်းမှာ ပထမဆုံးဖလားအိပ်မက်ဖြစ်တာကြောင့် ဘာစီလိုနာအသင်းအဖို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လုံးအမှားအယွင်းခံမယ့်အနေအထား မရှိပါဘူး။ ဖရန့်ဖတ်အသင်းက နိုင်ပွဲတွေ ဆက်လာပြီးမှ နောက်ဆုံး(၃)ပွဲဆက်တိုက် သရေပြန်ကျထားခဲ့တယ်။ ဖရန့်ဖတ်ရဲ့ခြေစွမ်းပိုင်းက မှန်းဆရခက်ပြီး မထင်ရင် မထင်သလို ဒုက္ခပေးတတ်ပေမဲ့ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ဖို့တော့ ရာခိုင်နှုန်း အတော်နည်းပါတယ်။ ဘာစီလိုနာကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

ဝက်စ်ဟမ်း နှင့် လိုင်ယွန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၃၀ နာရီ)

ယူရိုပါလိဂ်အအောင်မြင်ဆုံး ဆီဗီလာအသင်းကို အနိုင်ယူကျော်ဖြတ်လာတဲ့ ဝက်စ်ဟမ်းရဲ့အသင်းလိုက်စိတ်ဓာတ်ပိုင်းက အမြင့်ဆုံးကို ရောက်နေမှာပါ။ ဒါ့အပြင် ဝက်စ်ဟမ်းအဖို့ ယူရိုပါလိဂ်ပြိုင်ပွဲက ဆုဖလားမျှော်လင့်ချက်အပြင် ချန်ပီယံ လိဂ်ဝင်ခွင့် မက်လုံးပါရှိနေလို့ လတ်တလောအနေအထားမှာ ပရီးမီးယားလိဂ်ထက် ပိုပြီးအားထည့်ကစားဖို့ များပါတယ်။ လိုင်ယွန်က ကစားသမားပိုင်းမှာ ကွာဟမှုမရှိတဲ့အပြင် ဥရောပ သမ္ဘာမှာလည်း နှာတစ်ဖျားသာပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းရဲ့ လက်ရှိစုဖွဲ့မှုက ယုံကြည်မှုမြင့်မားနေတာ ထည့်တွက်ရမယ်။ ဝက်စ်ဟမ်းကိုပဲ ကြိုက်တယ်။

စပို့တင်းဘရာဂါ နှင့် ရိန်းဂျားစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁း၃၀ နာရီ)

စပို့်တင်းဘရာဂါအသင်းက ရိန်းဂျားစ်ထက် ဟန်ချက်ပိုညီပြီး အိမ်ကွင်းမာကျောမှုကို အဓိကအားပြုကစားတတ်တဲ့ အသင်းပါ။ ဒါ့အပြင် နောက်ဆုံးပွဲမှာ ဘင်ဖီကာကို အနိုင်ကစားထားလို့လည်း ဘရာဂါအသင်း ပိုပြီးစိတ်ဓာတ်တက်နေနိုင်တာ ထည့်သွင်းစဉ်းစားရမယ်။ ရိန်းဂျားစ်အသင်းကတော့ အဝေးကွင်း သိပ်မစွံပါဘူး။ အိမ်ရှင် ဘရာဂါအသင်း အနိမ့်ဆုံးသရေကစားလိမ့်မယ်။