ဘောလုံးပွဲကြိုခန့်မှန်း

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် – ဗီလာရီးယဲလ် (ကြာသပတေးနေ့ ၁း၃၀ နာရီ)

ဗီလာရီးယဲလ်က ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်တယ်။ လီဗာပူးလ်က  ရေပန်းစားတဲ့အသင်းတစ်သင်းဖြစ်သလို ပိုကောင်းတယ်၊ ပိုအင်အားတောင့်တင်းတယ်ဆိုတာအတွက်လည်း သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဗီလာရီးယဲလ် ကျော်ဖြတ်ခဲ့တဲ့အသင်းတွေကလည်း လီဗာပူးလ်လိုပဲ ပိုအင်အားကောင်းတဲ့အသင်းတွေဖြစ် တယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်လို ခြေစွမ်းတည်ငြိမ်ပြီး အားအရမ်းကောင်းတဲ့အသင်းမျိုးကို အိမ်ကွင်းမှာ အနိုင်၊ အဝေး ကွင်းမှာ သရေခံကစားခဲ့ဖူးတယ်။ အူနိုင်းအမ်မရီက ယာဂန်ကလော့ပ် လီဗာပူးလ်ကို ရောက်လာပြီး ပထမဆုံး ယူရိုပါလိဂ်ဗိုလ် လုပွဲကစားတော့ ဆီဗီလာနဲ့အတူ အနိုင်ကစားပြီး ယာဂန်ကလော့ပ်ကို ဒုတိယဆုနဲ့ ကျေနပ်စေခဲ့တဲ့အသင်းလည်းဖြစ်တယ်။  လီဗာပူးလ်အသင်းရဲ့ခွန်အားက ဂိုးကနေ တိုက်စစ်အထိ နေရာစုံမှာရှိနေပြီး ခံစစ်ကလည်း အကောင်းဆုံးအနေအထား၊ တိုက် စစ်ကလည်း ကြောက်စရာအကောင်းဆုံးအနေအထား ရောက်နေတယ်။ ကွင်းလယ်ကလည်း အရည်အသွေးရော၊ မာကျောမှု ပါ ပြည့်စုံတယ်။ လီဗာပူးလ်ပဲ နိုင်လိမ့်မယ်။ (၂-ဝ)လောက်ဖြစ်မယ်။