Laliga,  ဘောလုံးသတင်း

အာဆင်နယ်ဂျင်း ပေပေနဲ့ မန်ယူဂျင်းကို ကောက်သိမ်းဖို့ ကြိုးစားနေတဲ့ ဆီဗီလာ

စပိန်ကလပ် ဆီဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ လူမအိုဘဲ ခြေကျသွားတဲ့ ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူနေခဲ့ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ မွန်ချီအနေနဲ့ ဒါကို ပါးနပ်တဲ့ စီးပွားရေးတစ်ခုလို့ လမ်းစဉ်ချမှတ်ထားချိန်မှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီက ကစားသမားတွေကို သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အာဆင်နယ်အသင်းကို ဆေးကြီးကြီးထိုးခဲ့ပြီး ပြင်သစ်လိဂန်က ကြက်တိုးခြေစွမ်းကို ပရီးမီးယားလိဂ်ဆီ ယူလာဖို့ မတတ်နိုင်ခဲ့တဲ့ နီကိုလာ ပေပေကို အသင်းနည်းပြ မီခယ်လ် အာတီတာနဲ့ တာဝန်ရှိသူတွေဘက်က စိတ်ကုန်နေခဲ့ပြီဖြစ်ပြီး ရောင်းချသွားဖို့ ရှိနေစဉ်မှာ ဆီဗီလာက စိတ်ဝင်စားလာခဲ့တာပါ။

အသင်းပရိသတ်တွေအတွက်တော့ ဒုတိယရာသီမှာ ခြေစွမ်းမဆိုးလို့ မျှော်လင့်ခဲ့ကြသေးပေမယ့် တတိယရာသီမှာတော့ စုတ်ပြတ်နေတဲ့အပြင် ပွဲထွက်ခွင့်ကိုပါ မရယူနိုင်ခဲ့ဘဲ ဝင်ကစားခဲ့ရတိုင်းလည်း အလွဲတွေပဲ လုပ်နေခဲ့သလို ပရိသတ်မကြိုက်ဆုံးကတော့ ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့်ပြီး နေရာလွတ်မပေးတဲ့ ပြိုင်ပွဲမျိုးမှာ ဘောလုံးကို ဆွဲပြေးရမယ့်အစား ရပ်ပြီး လိမ်ခေါက်ဖို့ ကြိုးစားနေတဲ့ အိုင်ဗရီကို့စ်သားရဲ့ အတွေးအခေါ်ကိုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲက နာကျင်အချိန်ပိုမှာ ဂိုးသမား ရှေ့တက်လာခဲ့ပြီး တိုက်စစ်ဆင်တဲ့ ထောင့်ကန်ဘောကနေ သူတစ်ယောက်တည်း လွတ်သွားတဲ့ အချိန်မှာ ဂိုးပေါက်ကို ဆွဲပြေးပြီး Range မီတာနဲ့ ကန်သွင်းရမယ့်အစား အတွင်းကို ပြန်လိမ်ခေါက်ဖို့ ကြိုးစားတဲ့ ပုံစံကတော့ အားလုံးရဲ့ အဆဲတွေကို စုဝေးစေခဲ့သလို ဒီနိုင်ငံနဲ့ သူနဲ့ လားလားမှ မအပ်စပ်ကြောင်း သေချာသွားခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် တောင်ပံသမားဟာ စပိန်မြေကို ပြောင်းရွှေ့ကစားဖို့တော့ စိတ်ဝင်စားနေပြီး သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် ရှင်သန်နိုင်ဖို့ စိတ်အားထက်သန်နေသလို ဆီဗီလာဘက်ကတော့ အာဆင်နယ်တို့အနေနဲ့ မဖြစ်နိုင်တဲ့ ဈေးနှုန်းတွေကို မတောင်းဆိုဘူးဆိုရင် အပြောင်းအရွှေ့က အထမြောက်မယ်လို့ ကြိုတင်အသိပေးထားပါတယ်။https://platform.twitter.com/embed/Tweet.html?dnt=false&embedId=twitter-widget-0&features=eyJ0ZndfZXhwZXJpbWVudHNfY29va2llX2V4cGlyYXRpb24iOnsiYnVja2V0IjoxMjA5NjAwLCJ2ZXJzaW9uIjpudWxsfX0%3D&frame=false&hideCard=false&hideThread=false&id=1520738567965888513&lang=en&origin=https%3A%2F%2Fsportsa2z2a.com%2Farchives%2F72290&sessionId=680e4e6740bae9fb5711131fc985c418d25fddbd&theme=light&widgetsVersion=c8fe9736dd6fb%3A1649830956492&wid

မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ဆီဗီလာအသင်းမှာ အငှားချထားတဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို လက်ကျန် စာချုပ်သက်တမ်းကို ဖျက်သိမ်းပေးပြီး ပေးစရာရှိတဲ့ လစာကျန်ငွေတွေဖြစ်တဲ့ ပေါင် ၁၂.၅ သန်းကို ပေးချေသွားမှာဖြစ်တယ်လို့ အတွင်းသတင်းအရ သိရပြီး အန်ဒါလူစီယန်ကလပ်အနေနဲ့ အသင်းလက်မဲ့ ကစားသမားအဖြစ် ခေါ်ယူသွားနိုင်ဖို့လည်း ရှိနေသေးတာပါ။

မြောက်လန်ဒန်က ဂန်းနားတွေရဲ့ လက်ထောက်နည်းပြ အဲလ်ဘတ် စတင်ဗင်ဘတ်ကတော့ အဘွားကြီးအို စကေးလ်ပြနေတဲ့ ပုံစံမျိုးနဲ့ ပေပေကို ပေါက်ကွဲထားခဲ့ပြီး ဂိုးပေါက်ကြီး လွတ်နေတာကို နောက်ပြန်ခေါက်ဖို့ ကြိုးစားနေတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဆိုခဲ့သလို လိဒ်စ်နဲ့ပွဲက ဂိုးဟာ သူတို့အတွက် မလိုလို့သာ တော်သေးတယ်လို့ ဝေဖန်ခဲ့ပြီး ဒါကို နည်းပြ အာတီတာကပါ ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီ လူအင်အားဖြည့်တင်းပြီးရင် ပေပေအတွက် အာဆင်နယ်အသင်းမှာ ကစားခွင့်ရဖို့က လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည့်က အပ်တစ်စင်းထိမှ ရမယ့် အခွင့်အရေးမျိုးဖြစ်နေပြီး ရာသီကုန်မှာ ပေါင်သန်း ၂၀ လောက်ရရင် ရောင်းထုတ်သွားဖို့လည်း အသင်းအနေနဲ့ ဖိအားပေးသွားဖို့ ရှိနေတာပါ။

ဆီဗီလာအသင်းကတော့ ပရီးမီးယားလိဂ်အကျတွေကို ကြိုးစားနေခဲ့ရာမှာ ပေပေကို အခွင့်အရေးပေးတာနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားခဲ့တဲ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား အဲရစ် လာမီလာနဲ့ ပူးပေါင်းရဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။