Bundesliga,  ဘောလုံးသတင်း

အာရှသားလေးရဲ့ကယ်တင်မှုနဲ့ နောက်ဆုံးမိနစ်မှာ ဘွန်ဒက်စ်လီဂါမှာ ရှင်သန်ကျန်ရစ်နိုင်ခဲ့တဲ့ စတုဂတ်

ဝါးတားရု အန်ဒိုဟာ စနေနေ့ညနေက ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်မှာ ကိုလုံးအသင်းကို ၂-၁ နဲ့ စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပို နောက်ကျအနိုင်ဂိုးနဲ့ စတုဂတ်အသင်းကို လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါမှာ ရှင်သန်ကျန်ရစ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

အန်ဒိုရဲ့ ၉၂ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးဟာ စတုဂတ်ကို ဟာသာဘာလင်အသင်းကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အသာစီး ရရှိစေခဲ့ပြီး အဆင့် ၁၅ နေရာကို တက်လှမ်းနိုင်စေခဲ့တာကြောင့် ပွဲအပြီးမှာ ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက် အောင်ပွဲခံခဲ့ကြပါတယ်။

ဟာသာ ဘာလင်အသင်းဟာ ဒေါ့မွန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး ဒေါ့မွန်အတွက် ယူဆွတ်ဖာ မူကိုကိုရဲ့ နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ဟာသာ ဘာလင်ဟာ ဒုတိယတန်းက တတိယရတဲ့အသင်းနဲ့ လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါမှာ ဘယ်သူကစားရမလဲဆိုတာ သိရဖို့အတွက် playoff ကစားသွားရတော့မှာဖြစ်ပါတယ်။

ဟာသာ ဘာလင်ဟာ လာမယ့် မေလ ၁၉ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ ဘွန်ဒက်စ်လီဂါထိပ်တန်းအသင်းဟောင်းဖြစ်တဲ့ ဟမ်းဘာ့ဂ်နဲ့ ရင်ဆိုင်သွားရဖွယ်ရှိနေပြီး ဘွန်ဒက်စ်လီဂါရာသီ နောက်ဆုံးနေ့မှာ ဟာလန်းက ဒေါ့မွန်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးက လိဂ်ဂိုး ၃၅ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာမီးနီးယား ဘီလီဖဲလ်ဒ်ဟာ လိုက်ပ်ဇစ်ကို သရေကစားနိုင်ခဲ့ပေမယ့်လည်း အဆင့် ၁၈ နေရာက ဂွိုက်တာ ဖွတ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကို နောက်ဆုံးမှာတော့ တန်းဆင်းသွားခဲ့ပြီဖြစ်ပြီး ဝုလ်ဖ်စ်ဘတ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မတိုင်မီ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်က လီဗန်ဒေါ့ဗ်စကီးဟာ အသင်းကို စွန့်ခွာချင်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ လီဗန်ဒေါ့ဗ်စကီးဟာ အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး တစ်ခြားတစ်နေရာမှာ တစ်ခုခု လုပ်ချင်နေတယ်လို့ ဆာလီဟာမစ်ဇစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၃ ပွဲစလုံးမှာ နိုင်ပွဲမရရှိခဲ့ဘဲ ယခုနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့တော့မယ့် ဟာလန်းကို ဒေါ့မွန်ပရိသတ်တွေက ဟာသာ ဘာလင်နဲ့ မကစားမီ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး ဒေါ့မွန်အားကစားဒါရိုက်တာ ဇော့ကလည်း ချစ်ခင်စွာနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ အာမီးနီးယား ဘီလီဖဲလ်ဒ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဘိုချန်နဲ့ပွဲမှာ တိုင်ဝို အာဝိုင်ယီရဲ့ နောက်ကျဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တဲ့ အဆင့် ၅ နေရာက ယူနီယံ ဘာလင်ထက် ၁ မှတ်အသာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

တတိယနေရာက လေဗာကူဆင်အသင်းဟာ ဖရိုင်းဘတ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ၂-၁ နဲ့ အနိုင်ယူပြီး အဆုံးသတ်ပေးခဲ့ပြီး လေဗာကူဆင် ပရိသတ်တွေဟာ ပွဲမတိုင်ခင် အသင်းနဲ့ လမ်းခွဲတော့မယ့် စီမံခန့်ခွဲမှုဒါရိုက်တာ ရူဒီ ဗော်လာကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

အခြား ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ဘိုရူစီးယား မွန်ချင်ဂလာဘတ်ချ်က ဟော့ဖန်ဟိမ်းကို ၅-၁ နဲ့ အနိုင်၊ မိုင့်ဇ်က ဖရန့်ဖွတ်နဲ့ ၂-၂၊ အောက်စ်ဘတ်က ဂွိုက်တာ ဖွတ်ကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မွန်ချင်ဂလာဘတ်ချ်နည်းပြ အဒီ ဟွတ်တာက အသင်းရဲ့နိုင်ပွဲအပြီးမှာ ဒီပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တယ်လို့ ကြေညာသွားခဲ့ပြီး အသင်းနဲ့ နည်းပြတို့ ၂ ဦးကြား အပြန်အလှန် သဘောတူညီမှုနဲ့ လမ်းခွဲကြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အောက်စ်ဘတ်နည်းပြ မားကွတ်စ် ဗိုင်ဇီယာကလည်း ဂွိုက်တာ ဖွတ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံးကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။