Premier League,  ဘောလုံးသတင်း

မာနေးရဲ့ထွက်ခွာမှုကို အသေးစိတ်ထုတ်ပြောလာတဲ့ ကလော့ပ်

လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးဟာ ယခုနွေရာသီမှာ အန်းဖီးကနေ ချစ်ချစ်ခင်ခင်နဲ့ ထွက်ခွာသွားတဲ့အတွက် နည်းပြ ယာဂန် ကလော့ပ်ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့ ၆ ရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ သွင်းယူပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၆ သန်းအထိ မြင့်တက်နိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

မာနေးဟာ အန်းဖီးမှာ ရှိခဲ့တဲ့ကာလအတွင်း ဆုဖလား ၆ လုံးအထိ ရရှိခဲ့ပြီး ကလော့ပ်က ၎င်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ ဆီနီဂေါကြယ်ပွင့်ရဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တီထွင်ဆန်းသစ်နိုင်စွမ်းရှိမှုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ဆာဒီယို၊ ကျွန်တော်တို့ ဆာဒီယိုနဲ့ပတ်သက်ပြီး ဘာပြောနိုင်မှာလဲ။ အရမ်းကောင်းတဲ့ကစားသမား။ ကမ္ဘာ့အဆင့် ကစားသမားပေါ့။ သူနဲ့ ကျွန်တော်တို့ သူ့ကို ပြီးခဲ့တဲ့ရာသီမှာ ကျောနံပါတ် ၉ အဖြစ် ပြန်လည်တီထွင်ဆန်းသစ်ခဲ့ပြီး သူ ထူးထူးချွန်ချွန်ပဲ ကစားနိုင်ခဲ့ပါတယ်။ အခု ဖြစ်သွားတဲ့ပုံစံကို ကျွန်တော် နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက လုံးဝကို ရှင်းလင်းခဲ့လို့ပါ”

“ကျွန်တော်တို့ ကြိုသိခဲ့တယ်။ သူ ကျွန်တော်တို့ကို ပြောခဲ့တယ်။ သူ့အေးဂျင့်က ကျွန်တော်တို့ကို ပြောခဲ့တယ်။ သူတို့တွေ အသင်းကို စွန့်ခွာချင်တယ်။ သူတို့တွေ စိန်ခေါ်မှုအသစ် ရှာဖွေဖို့ အသင်းသစ်ကို ရှာဖွေချင်တယ်ဆိုတာပေါ့။ အဲဒါက ဘယ်တုန်းကမှ လွယ်ကူတဲ့ ညှိနှိုင်းဆွေးနွေးမှုဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ငွေအကြောင်း မပြောခင်အထိ အားလုံး အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီငွေကပဲ တကယ်ကို ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး အန်းဖီးမှာရှိခဲ့တဲ့ကာလအတွင်း လီဗာပူးလ်ပရိသတ်တွေအတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအားလုံးရဲ့ ဆုမွန်ကောင်းတောင်းပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“သူ ပိုင်ဆိုင်ခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ဆိုရင် လီဗာပူးလ်ဂန္တဝင်အဖြစ်ရော၊ ပရီးမီးယားလိဂ်ရဲ့ တသက်တာအကောင်းဆုံကစားသမားတွေထဲက တစ်ဦးလို့ပါ ကျွန်တော် ပြောရပါလိမ့်မယ်။ ထူးခြားဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီတော့ သူ ရှိနေချင်တဲ့ကလပ်မှာ ရှိနေပြီဖြစ်တဲ့အတွက် သူ့အတွက် ဝမ်းသာပါတယ်။ သူ လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျွန်တော်တို့ အရမ်း ကျေးဇူးတင်ပါတယ်။ အခု သူ တခြားကလပ်မှာ ရှိနေပါပြီ”လို့ လီဗာပူးလ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။