ဘောလုံးပွဲကြိုခန့်မှန်း

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ဗလင်စီယာ – ဟီရိုနာ (တနင်္လာ ၀၀း၀၀ နာရီ)

နည်းပြသစ်ဂတ်တူဆိုလက်ထဲ ဗလင်စီယာဘယ်လောက် ထိပြောင်းလဲလာနိုင်မလဲပဲစောင့်ကြည့်ရမယ်။ အထူးသဖြင့် ဂတ်တူဆိုလက်ထဲမှာ ဗလင်စီယာစိတ်ဓာတ်ရေးရာ ပိုတိုးတက် လာနိုင်မယ်ထင်တယ်။ အခုလည်းရင်ဆိုင်ရမှာက တန်းတက် အသင်း၊ ကစားရမှာက အိမ်ကွင်းဆိုတော့ ဗလင်စီယာတို့မျက်နှာ ပျက်ခံမယ်မထင်ပါဘူး။ ဗလင်စီယာနဲ့ ဂိုးအများပဲကြိုက်တယ်။

အယ်မယ်ရီယာ – ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ရာသီသစ်ကို အေးဆေး တည်ငြိမ်စွာနဲ့ ဖြတ်သန်းသွားတော့မယ့်ပုံပါပဲ။ ရာသီကြိုပြင် ဆင်မှုတွေကိုလည်း သိုသိုသိပ်သိပ်နဲ့ သက်သောင့်သက်သာပဲ လုပ်နေတာတွေ့ရတယ်။ ဒီပွဲမတိုင်မီ ဥရောပစူပါဖလားပွဲက စားပြီး လာလီဂါအဖွင့်အတွက် ကြိုပြီးပြင်ဆင်ထားသလိုလည်း ဖြစ်နေလို့ အခုအယ်မယ်ရီယာကိုလည်း အဝေးကွင်းမှာ သက် သက်သာသာနဲ့ ရင်ဆိုင်မယ့်ပုံပါပဲ။ အယ်မယ်ရီယာကတော့ တန်းတက်အသင်းပီပီ လက်ရှိချန်ပီယံနဲ့အဖွင့်ပွဲကို အကောင်း ဆုံးတုံ့ပြန်ရင်ဆိုင်ပြနိုင်ဖို့ ပြင်ဆင်ထားနိုင်တယ်။ ဒါပေမဲ့ ဒီနှစ် သင်းအကြား အင်အားချင်းကအစ အဘက်ဘက်မှာ ကွာဟမှု တွေကြီးမားနေလို့ ရီးယဲလ်လိုအသင်းကြီးကို အံ့အားသင့်ဖွယ် ရလဒ်မျိုးထွက်အောင် ကစားပြဖို့မဖြစ်နိုင်ပါဘူး။ ရီးယဲလ်မက် ဒရစ်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။