ဘောလုံးပွဲကြိုခန့်မှန်း

အီတလီစီးရီးအေပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ဗီရိုနာ – အတ္တလန်တာ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဗီရိုနာက အရင်နှစ်တွေကလောက် အားကောင်းတဲ့ပုံစံ မရှိတော့ဘူး။ ခံစစ်က ဖရိုဖရဲဖြစ်နေပြီး နာပိုလီနဲ့တွေ့တဲ့ ပွဲဦး ထွက်မှာတင် (၅)ဂိုးအထိ ပေးခဲ့ရတယ်။ အတ္တလန်တာကို ပြီးခဲ့ တဲ့ရာသီနဲ့နှိုင်းယှဉ်ရင် ပြောဖို့စောသေးပေမဲ့ ရလဒ်ပိုင်းကတော့ တက်လာပါတယ်။ အတ္တလန်တာ ကပ်နိုင်ဖို့များတယ်။မ

ဆလာနီတာနာ – ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဆလာနီတာနာက ကစားပုံမဆိုးပေမဲ့ သွင်းဂိုးတွေပျောက် ဆုံးနေတုန်းပဲ။ ဂျူဗင်တပ်စ်နဲ့ ကစားသွားတဲ့ ဆမ်ဒိုးရီးယား ခြေ စွမ်းကတော့ အထင်ကြီးစရာကောင်းပါတယ်။ ဆမ်ဒိုးရီးယား အသင်း အနည်းဆုံး သရေရမယ်။

ဖီအိုရင်တီးနား – နာပိုလီ (တနင်္လာနံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားက ယူရိုပါလိဂ်ကစားထားရလို့ ပွဲပန်းနေ နိုင်တာကို ထည့်တွက်ရမယ်။ ဒါကြောင့် ပြီးခဲ့တဲ့ပွဲမှာလည်း ဖီအို ရင်တီးနားအသင်း အမ်ပိုလီကို အနိုင်မကစားနိုင်ခဲ့ဘူး။ နာပိုလီ ကတော့ ဂိုးမြူးနေပြီး တိုက်စစ်ကစားသမားတွေ ပုံစံကောင်းပြ နေတယ်။ အခုရာသီမှ အသင်းကိုရောက်လာတဲ့ ဂျော်ဂျီယာကြယ် ပွင့်တိုက်စစ်မှူး ခွာရတ်စကယ်လီယာက နာပိုလီရဲ့ အားထားရာ ဖြစ်လာတယ်။ နာပိုလီ နိုင်ပွဲဆက်ဦးမယ်ထင်တယ်။

လက်ချီ – အမ်ပိုလီ (တနင်္လာနံနက် ၁း၁၅ နာရီ)

ခြေစွမ်းချင်းမကွာတဲ့ အသင်းတွေ ထိပ်တိုက်တွေ့ဆုံကြ တဲ့ပွဲဖြစ်ပြီး လက်ချီက ပွဲကျပ် (၂)ပွဲကို ကစားခဲ့ရတာဖြစ်တယ်။ အမ်ပိုလီကတော့ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲပဲ။ လက်ချီသ ရေနဲ့ အနိုင်ပါပဲ။