ဘောလုံးပွဲကြိုခန့်မှန်း

ဘွန်ဒစ်လီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 

လိုက်ပ်ဇစ် – ဘိုဟုမ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၈:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း အိမ်ကွင်း(၂)ပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲ ရထားတယ်။ ဘိုဟုမ်ကတော့ နောက်ဆုံးပွဲမှာ အမှတ်စရခဲ့ပေမဲ့ လိုက်ပ်ဇစ်ရဲ့အိမ်ကွင်းအားကို ယှဉ်နိုင်ဖို့မရှိပါဘူး။ ချန်ပီယံလိဂ်ပွဲရှိပေမဲ့ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့များတယ်။ 



ဖရိုင်းဘတ် – မိန့်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်အသင်း (၂)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ခြေစွမ်းက ကျမသွားလောက်သေးဘူး။ မိန့်ဇ်က ပုံစံနည်းနည်းပျက်နေလို့ ဖရိုင်းဘတ်ဘက်ကပဲ ရပ်တည်သင့်တယ်။



ကိုလုံး – ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၈:၀၀ နာရီ)

ဒေါ့မွန်အတွက် ပွဲကျပ်ကာလ စတင်တော့မှာဖြစ်ပြီး ဒီပွဲပြီးရင် ဆီဗီလာ(နှစ်ကျော့)၊ ဘိုင်ယန်၊ အူန်ယွန်းဘာလင်တို့နဲ့ ပွဲ ကျပ်တွေ တောက်လျှောက်ကစားရတော့မယ်။ ဒေါ့မွန် ခြေမမှန်လို့ ကိုလုံးနဲ့ပဲ စွန့်စားချင်တယ်။



ဖရန့်ဖတ် – အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၈:၀၀ နာရီ)

ကြားရက်တွေမှာ ဥရောပပွဲတွေ နှစ်သင်းစလုံး ကစားဖို့ရှိပေမဲ့ အူန်ယွန်းဘာလင်က ယူရိုပါလိဂ်ကို လုံးလုံးပစ်ပယ်ထားပြီး ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အာရုံစိုက်တော့မယ့်ပုံပါ။  ဖရန့်ဖတ်အသင်းက ဒီပွဲပြီးရင် စပါးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ထပ်ကစားရဖို့ရှိတယ်။ ဘွန်ဒစ်လီဂါအဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ အူန်ယွန်းဘာလင်အသင်း အမှတ်တော့ရပါလိမ့်မယ်။



ဝုလ်ဖ်ဘတ် – စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၈:၀၀ နာရီ)

အခြေအနေဆိုးနေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာဖြစ်လို့ အကြိတ်အနယ်ရှိလိမ့်မယ်။ စတုဂတ် အမှတ်ယူနိုင်လိမ့်မယ်ထင်တယ်။



၀ါဒါဘရီမင် – မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁ ရက် ည ၁၁:၀၀ နာရီ)

၀ါဒါဘရီမင်အသင်းက အိမ်ကွင်းနိုင်ပွဲ မရှိသေးသလို၊ နောက်ဆုံး(၂)ပွဲဆက် အရေးနိမ့်ထားတယ်။ မိုချန်အသင်း ရှုံးဖို့ မရှိပါဘူး။