ဘောလုံးပွဲကြိုခန့်မှန်း

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက်

◘ မန်ယူ – လက်စတာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈း၃၀ နာရီ)

လက်စတာက ခြေကျနေရာက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ အသင်းကောင်းတွေဖြစ်တဲ့ ဗီလာနဲ့ စပါးတို့ကို တစ်သင်းကို (၄)ဂိုးစီ သွင်းပြခဲ့တယ်။ အဲဒီမတိုင်ခင်လည်း ဘရိုက်တန်ကို (၂-၂) သရေကစားထားလို့ (၃)ပွဲမှာ (၁၀)ဂိုး၊ (၇)မှတ်ဆိုတဲ့ Rhythm က တော်တော်လေး အားရစရာကောင်းတယ်။ မန်ချက်စတာယူနိုက်တက်လည်း ရလဒ်တွေက အရမ်းတော့မဆိုးဘူး။ ဒါပေမဲ့ စိတ်ချလို့ရပြီလားဆိုရင် စိတ်မချရသေးဘူး။ သွင်းဂိုးတွေအတွက်လည်း ရပ်ရှ်ဖို့ဒ်ကိုပဲ အဓိကမှီခိုနေရတဲ့ ပြဿနာ ရှိတယ်။ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာဖြစ်တဲ့အပြင် ကစားသမားအင်အား၊ ရပ်တည်မှုလည်းကွာလို့ မန်ယူအသင်း အခွင့်အရေးသာတာမှန်ပေမဲ့ လက်စတာရဲ့လက်ရှိခြေစွမ်းအရ အလွယ်တကူနိုင်ဖို့တော့ မလွယ်ဘူး။ မန်ယူ နိုင်ပွဲရဖို့ရှိပေမဲ့ ဂိုးပြတ်ဖို့ မဖြစ်နိုင်ဘူး။ (၂-၁)လောက်ပဲ ဖြစ်မယ်။

◘ စပါး – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၁းဝ၀ နာရီ)

စပါးက လက်စတာကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာလည်း ဆန်စီရိုမှာ အေစီ မီလန်ကို ရှုံးပွဲဆက်တွေ့ခဲ့တယ်။ စပါးရဲ့အခြေအနေက သိပ်တော့အားရစရာဖြစ်မနေဘူး။ အသင်းမှာ ဒဏ်ရာပြဿနာတွေလည်း ရှိနေပြီး အထူးသဖြင့် ကွင်းလယ်က လူစာရင်းအား နည်းတယ်။ ခံစစ်က အရည်အသွေးအားနည်းတယ်။ ဝက်စ်ဟမ်းက တဖြည်းဖြည်း ပိုမာ လာတယ်။ သရေကျသွားရင် အံ့သြစရာမရှိဘူး။