ဘောလုံးပွဲကြိုခန့်မှန်း

ယူရိုပါလိဂ် Knock-out အဆင့် Play-off ဒုတိယအကျော့  ပွဲကြိုသုံးသပ်ချက်

နန့်စ် နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အီတလီမြေမှာ ဂျူဗင်တပ်စ်အသင်း အနိုင်မကစားနိုင်ခဲ့ပေမဲ့ ခြေစွမ်းကတော့ အပြတ်အသတ်သာခဲ့တယ်။ ဘားတန်းနဲ့ တိုင် (၂)ကြိမ်ထိခဲ့ပြီး နန့်စ်ဂိုးသမားလည်း ကာကွယ်မှု အတော်လေးပြုလုပ်ခဲ့ရတယ်။ ဒါပေမဲ့ ပြင်သစ်မြေမှာတော့ ဂျူဗင်တပ်စ်တို့ အိမ်ကွင်းပွဲလောက် လွယ်တော့မယ်မထင်ဘူး။ နန့်စ်အသင်းက ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး(၁၄)ပွဲမှာ PSG၊ ဖရိုင်းဘတ်နဲ့ မာဆေးလ်အသင်းတို့ကိုပဲ အရေးနိမ့်ထားတဲ့အသင်းပါ။  စီးရီးအေမှာ ချန်ပီယံလိဂ်မျှော်လင့်ချက်နဲ့ တဖြည်းဖြည်းဝေးလာလို့ ဂျူဗင်တပ်စ် ဖလားပွဲတွေကို သေချာပေါက်အာရုံစိုက်လိမ့်မယ်။ ဂျူဗင်တပ်စ်ပဲ ကြိုက်တယ်။

မစ်ဂျီလန်း နှင့် စပို့တင်းလစ္စဘွန်း  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းအသင်း အပြတ်အသတ်သာခဲ့ပေမဲ့ အဆုံးသတ်ပိုင်းကတော့ အတော်လေးအားနည်းခဲ့တယ်။ ဒိန်းမတ်ကလပ် မစ်ဂျီလန်းဘက်ကပဲ ရပ်တည်သင့်တယ်။

မိုနာကို နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

မိုနာကိုအသင်းရဲ့ Rhythm က အမြင့်ဆုံးအဆင့်ရောက်နေပြီး ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ လေဗာကူဆင်ကလည်း အဝေးကွင်းရလဒ်ပိုင်းမဆိုးလို့ သရေနဲ့အဆုံးသတ်ဖို့များတဲ့ပွဲပါ။

PSV နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့ရလဒ်ကြောင့် နောက်တစ်ဆင့်တက်မယ့်အသင်းက အဖြေပေါ်သလောက် ဖြစ်သွားပြီ။ PSV အသင်းက ဒီရာသီ အိမ်ကွင်း(၂)ပွဲသာ အရေးနိမ့်ထားပြီး နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ယူထားတယ်။ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်နည်းနေပေမဲ့ အိမ်ကွင်းပရိသတ်ကြောင့် PSV အနိုင်ကစားဖို့များတယ်။

မန်ယူ နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့က ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မန်ယူအသင်း ပထမဆုံး နူးကမ့်ကွင်းနိုင်ပွဲရယူဖို့ အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ အခုပွဲ မန်ယူနောက်တန်းမှာ လီဆန်ဒရိုမာတီနက်ဇ် ပြန်ပါလာမှာဖြစ်လို့ လုခ်ရှော ဘယ်အစွန် ပြန်ထွက်နိုင်ပြီး ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲမရှိနိုင်ဘူး။ ဘာစီလိုနာအသင်းမှာတော့ ပတ်ဒရီနဲ့ ဘူးစကွက်စ်က ဒဏ်ရာရ၊ ဂါဗီက ပွဲပယ်ခံထားရလို့ နဂိုကစားသမားအလျှံပယ်ဖြစ်နေတဲ့ ကွင်းလယ်က ဘာစီလိုနာအသင်းရဲ့ အားအနည်းဆုံးနေရာ ဖြစ်သွားနိုင်တယ်။ အန်ဆူဖာတီ၊ ဖယ်ရန်တောရက်စ်တို့ကို ပွဲအစကတည်းက အသုံးပြုရမယ့်အနေအထားပါ။ မိနစ် (၉၀)အတွင်း ရှုံးဖို့မရှိတဲ့ မန်ယူကိုပဲ ရွေးချယ်ချင်တယ်။

ရန်းစ် နှင့် ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ရန်းစ်အသင်းက ရှုံးပွဲဆက်နေမှုကို နောက်ဆုံးပွဲမှာ ရပ်တန့်ထားနိုင်ခဲ့တယ်။ ရှက်တာဒိုးနက်အသင်း ဥရောပအစဉ်အလာပိုင်းမှာ အပြတ်အသတ်သာပေမဲ့ ပြင်သစ်မြေမှာတော့ အိမ်ရှင်ပဲကြိုက်တယ်။

အူန်ယွန်းဘာလင် နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အိမ်ကွင်းပွဲမှာတော့ အေဂျက်စ်အသင်းရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းခဲ့တယ်။ ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု တစ်ကြိမ်မျှမရှိခဲ့ဘဲ အသင်းဂိုးသမား ရူလီသာ လက်စွမ်းမပြနိုင်ခဲ့ရင် ရှုံးပွဲတောင် ကြုံတွေသွားရနိုင်တဲ့ အနေအထားပါ။ အူန်ယွန်းဘာလင်က ဒီရာသီမှာ မျှော်လင့်ထားတာထက် ရလဒ်ပိုတည်ငြိမ်နေတယ်။ အေဂျက်စ် မိနစ်(၉၀)အတွင်း မရှုံးနိုင်ဘူး။

ရိုးမား နှင့် ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

သြစတြီးယားမြေမှာ ရိုးမားအသင်းက အိမ်ရှင်ထက် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု ပိုများခဲ့ပြီး နောက်ကျဂိုးနဲ့သာ အရေးနိမ့်ခဲ့ရတာဖြစ်တယ်။ ပထမအကျော့မှာ ဒီဘားလား ပထမပိုင်းအပြီးမှာကတည်းက ပေါင်ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပေမဲ့ အခုပွဲအမီ ပြန်ပွဲထွက်ကစားဖို့တော့ ရှိတယ်။ အထောင်တိုက်စစ်မှာတော့ အေဘရာဟမ်ထက် ဘယ်လော့တီကို ပွဲထွက်ခွင့်ပေးမလား စောင့်ကြည့်ရမယ်။ လူငယ်ကစားသမားများတဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းက ကစားအားကောင်းပေမဲ့ ရိုးမားအသင်း သမ္ဘာ၊ အရှိန်အဝါတွေနဲ့ ထိန်းသွားနိုင်ဖို့များပါတယ်။ ရိုးမားကိုပဲ ရွေးချယ်ချင်တယ်။