Premier League,  ဘောလုံးသတင်း

တန်ဟက်လက်ထက် အကြီးမားဆုံးပြောင်းလဲမှုကို ပြောပြလိုက်တဲ့ ဗန်ပါစီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီဟာ အဲရစ် တန်ဟက်ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက အသင်းပတ်ဝန်းကျင်အငွေ့အသက်တွေဟာ အပေါင်းလက္ခဏာပိုဆောင်လာတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယနိုက်တက်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ် play-off ဒုတိယအကျော့ပွဲစဉ်မှာ စပိန်လာလီဂါဘီလူးကြီး ဘာစီလိုနာထက် ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ကတ်တလန်အသင်းကြီးကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကို ယခုအပတ်မှာ တန်ဟက်နဲ့ အင်တာဗျူးဖို့ ရောက်ရှိနေခဲ့တဲ့ ဗန်ပါစီက ဒတ်ချ်လူမျိုးနည်းပြလက်အောက်မှာ အသင်းက စွမ်းအင်နဲ့ ပြင်းထန်မှုအပိုင်းမှာ အပြောင်းအလဲတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကို ဆွေးနွေးနေတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းက အဲရစ် တန်ဟက် အသင်းကို ယူဆောင်လာတဲ့ ကောင်းမွန်တဲ့အရာတွေအကြောင်းကို အသေးစိတ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တန်ဟက်လက်အောက်မှာ တစ်စုံတရာက တစ်ခုခုတော့ ဖြစ်လာနေတယ်ဆိုတာ ကျွန်တော် ခံစားလို့ ရနိုင်တယ်။ ရိုးရှင်းတဲ့အရာတွေပဲ စပြောမယ်။ ဥပမာအားဖြင့် ဒီမနက် ကျွန်တော် လေဆိပ်ကို ရောက်လာတဲ့အချိန်မှာ ပရိသတ်တွေက ကျွန်တော့်ဆီ လာပြီး ပွဲကို သွားကြည့်မှာလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်”

“ကျွန်တော်လည်း သွားကြည့်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ဒီကို ပွဲစဉ်အတွက် လာခဲ့တာဖြစ်ပြီး သူက အိုကေ ငါလည်းအတူတူပဲလို့ ပြောခဲ့တယ်။ ကျွန်တော်က ခင်ဗျား ဘယ်ကနေ လာတာလဲလို့ မေးခဲ့ပြီး သူက ကျွန်တော် မနက်ဖြန်ပွဲနဲ့ တနင်္ဂနွေနေ့ ဖလားဗိုလ်လုပွဲကို ကြည့်ဖို့ ဘန်ကောက်ကနေ လာခဲ့တာလို့ ပြောခဲ့တယ်။ အဲဒီတော့ သူ ခရီးထွက်လာခဲ့တာဖြစ်ပြီး ကျွန်တော်က ဝိုး၊ တော်တော်ကို ကြီးမားတဲ့ အားပေးမှုပဲလို့ ပြောခဲ့တယ်။ သူက ဟုတ်တယ်။ ကျွန်တော်က အမာခံပရိသတ်ပဲတဲ့။ ဒီမန်ချက်စတာယူနိုက်တက်က သူတို့ ကစားနေတဲ့ပုံစံ၊ စွမ်းအင်၊ ပြင်းထန်မှုနဲ့အတူ သူ့ကို တကယ်ပျော်ရွှင်စေခဲ့တယ်လို့ ပြောခဲ့တယ်”

“အဲဒါနဲ့ ကျွန်တော်လည်း ကြားရတာ ဝမ်းသာပါတယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒါက လူတွေက မန်ယူနိုက်တက်ကစားတာကို မြင်ရတာ တကယ်ပျော်ရွှင်နေကြတယ်ဆိုတဲ့ လက္ခဏာပါ။ ကလပ်အသင်းပတ်ဝန်းကျင်က စွမ်းအင်တစ်ခုလုံးက ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းကထက်ပိုပြီးတော့ အပေါင်းလက္ခဏာဖြစ်လာတယ်”

“အဲဒီတော့ ဒီလိုမျိုး ဖြစ်လာတဲ့အတွက် အဲရစ်က ချီးကျူးခံရသင့်သလို ကစားသမားတွေလည်း ချီးကျူးခံရသင့်ပါတယ်။ အားလုံးက ချီးကျူးမှု ရသင့်ပါတယ်။ အသင်းပတ်ဝန်းကျင်က စွမ်းအင်တစ်ခုလုံးက ပိုပြီးတော့ အပေါင်းလက္ခဏာဆောင်လာတာကို မြင်ရတာ ကောင်းမွန်ပြီး အသင်းသားတွေက အဲဒီအတွက် အရမ်းကို ပြင်းပြင်းထန်ထန် အလုပ်လုပ်နေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။