ဘောလုံးပွဲကြိုခန့်မှန်း

ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကျန်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် – ဖူလ်ဟမ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

လီဗာပူးလ်က ရာသီလက်ကျန်ပွဲတွေမှာ အမှတ်တွေ အ များကြီး စုဆောင်းနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးလို့ မပြော နိုင်သေးဘူး။ လက်ရှိ ခြေစွမ်းအရဆိုရင်တော့ မျှော်လင့်ခွင့် ရှိ လာတာအမှန်ပဲ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း စပါးအသင်း ကို ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ အသင်းလိုက် ခြေစွမ်းရော၊ ယုံ ကြည်မှုပါ သိသိသာသာမြင့်တက်နေချိန်လည်းဖြစ်တယ်။ ဖူလ် ဟမ်အသင်းက မဆိုးပါဘူး။ ဒါပေမဲ့ အန်ဖီးလ်မှာ လီဗာပူးလ် နိုင်ပွဲဆက်ဦးမယ်။ 

မန်စီးတီး – ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၁း၃၀ နာရီ)

အသင်းမရွေး၊ ကွင်းမရွေးတဲ့ မန်စီးတီးအသင်းအတွက် နောက်ထပ် ရယူသွားဦးမယ် နိုင်ပွဲတစ်ပွဲပါ။ ဝက်စ်ဟမ်းကလည်း ရာသီပိတ်ခါနီးမှာ ခြေစွမ်းရော၊ ရလဒ်ပါတိုးတက်လာတာမှန် တယ်။ ဒါပေမဲ့ ခံစစ်ပိုင်းအားနည်းချက်များသလို၊ အခုအချိန်အ ထိ စိတ်မချရသေးတဲ့အနေအထားလည်းဖြစ်တယ်။ မန်စီးတီး ဆီက အမှတ်တစ်မှတ် ခွဲယူဖို့ အစွမ်းကုန် ကြိုးစားမယ်ဆိုရင် တောင် မန်စီးတီးတိုက်စစ်ကို ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီး ပဲ နိုင်ပွဲရလိမ့်မယ်။