ဘောလုံးပွဲကြိုခန့်မှန်း

ဂျာမန်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၃၃)

မိန့်ဇ် – စတုဂတ် (တနင်္ဂနွေည ၈း၀၀ နာရီ)

မိန့်ဇ်အသင်းက (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး အမှတ် မယူတော့တဲ့ပုံစံပါပဲ။ သေရေးရှင်ရေးဖြစ်နေတဲ့ စတုဂတ်ကိုပဲ ရွေးချယ်ချင်တယ်။

အော့စ်ဘတ် – ဒေါ့မွန် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

အော့စ်ဘတ်ကွင်းမှာ ပြီးခဲ့တဲ့(၂)ရာသီဆက် ဒေါ့မွန် အ နိုင်မရခဲ့ဘူး။ ဒါ့အပြင် ဒေါ့မွန်က နောက်ဆုံးကစားထားတဲ့ ဘွန် ဒစ်လီဂါအဝေးကွင်း(၄)ပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်ထား ခဲ့တယ်။ အော့စ်ဘတ်က တန်းဆင်းဇုန်အန္တရာယ်ကနေ လုံးလုံး လျားလျားလွတ်မြောက်ဖို့ အမှတ်အနည်းငယ် လိုအပ်နေသေး တယ်။ အော့စ်ဘတ်ကွင်းမှာ ဒေါ့မွန်အသင်း ဂိုးပြတ်တော့ မ နိုင်လောက်ဘူး။

လေဗာကူဆင် – မိုချန်ဂလာဘတ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)

လေဗာကူဆင်အသင်း ယူရိုပါလိဂ်ပွဲစဉ်တွေကြောင့် ဘွန် ဒစ်လီဂါမှာပါ ရလဒ်ပိုင်း ကျဆင်းသွားတယ်။ မိုချန်ဂလာဘတ် ဂိုးပြတ် မရှုံးလောက်ဘူး။

ပြင်သစ်လီဂူးပွဲစဉ် (၃၆) 

အာယက်စီယို – ရန်းစ် (တနင်္ဂနွေည ၅း၃၀ နာရီ)

ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ရန်းစ်တို့ မဖြစ်မနေ နိုင်ပွဲယူထားဖို့လိုပါတယ်။ တန်းဆင်းသွားပြီဖြစ်တဲ့အာယက်စီယိုကတော့ ဂုဏ်သက္ခာအတွက်ပဲကစားမှာပါ။ ရန်းစ်ပဲနိုင်မယ်။

နိုက်စ် – တူးလူး (တနင်္ဂနွေည ရး၃၀ နာရီ)

 နှစ်သင်းစလုံးဖိအားရော၊ မျှော်လင့်ချက်ပါရှိမနေလို့ ဒီပွဲကို ဂုဏ်သိက္ခာနဲ့ အမှတ်ရဖို့အတွက်ပဲ ပေါ့ပေါ့ပါးပါးကစားပါလိမ့် မယ်။ အိမ်ကွင်းမာကျောတဲ့ နိုက်စ်ကိုပဲ ယုံကြည်ထားမယ်။ 

ဘရက်စ် – ကလယ်မွန့် (တနင်္ဂနွေည ရး၃၀ နာရီ)

ကလယ်မွန့်တို့ ဥရောပဝင်ခွင့်မျှော်လင့်ချက် ခပ်မှိန်မှိန်ရှိ နေသေးပေမယ့် မလွယ်ကူတော့ပါဘူး။ ဘရက်စ်က အိမ်ကွင်းမာ ကျောသလို ရလဒ်တွေလည်းကောင်းနေတယ်။ ဘရက်စ်ပဲနိုင်မယ်။

Reims – အန်ဂါစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဇယားအောက်ဆုံးကနေတန်းဆင်းသွားတဲ့ အန်ဂါစ်ကို Reims တို့ အိမ်ကွင်းမှာ သေချာပေါက်အနိုင်ယူသွားမှာပါ။

ထရွိုင်စ် – စထရာဘိုး (တနင်္ဂနွေည ရး၃၀ နာရီ)

တန်းဆင်းသွားပြီဖြစ်တဲ့ ထရွိုင်စ်တို့ အိမ်ကွင်းမှာ ဂုဏ်သိ က္ခာအတွက်ရုန်းကန်လာမှာပါ။ ဒါပေမဲ့ စထရာဘိုးက လက်ရှိမှာ ကွင်းမရွေးခြေစွမ်းတည်ငြိမ်နေတယ်။ သရေကျဖို့များပါတယ်။

လော်ရီယန့် – လန်းစ် (တနင်္ဂနွေည ၉း၃၅ နာရီ)

အဆင့် (၂)နေရာတည်မြဲရေးအတွက် လန်းစ်တို့အမှားခံ မှာမဟုတ်ဘူး။ လော်ရီယန့်တို့ အိမ်ကွင်းမာကျောပေမယ့် ချန်ပီ ယံလိဂ်ဝင်ခွင့်အတွက် ယုံကြည်မှုမြင့်နေတဲ့ လန်းစ်ကိုပဲရွေးမယ်။

အော်ဇေး – PSG (တနင်္လာနံနက် ၁း၁၅ နာရီ)

ဒီပွဲက PSG အတွက် ချန်ပီယံဆုရဖို့ အဆုံးအဖြတ်ဖြစ် လာမယ့်ပွဲပါ။ ချန်ပီယံဆုအတွက် ဖိအားမရှိတော့ပေမယ့် အသင်း တွင်းမတည်ငြိမ်မှုတွေကို ရပ်တန့်နိုင်ဖို့ PSG တို့ရလဒ်ကောင်း တွေလိုနေပါတယ်။ PSG ဂိုးပြတ်နိုင်ပွဲယူပါလိမ့်မယ်။