Bundesliga,  ဘောလုံးသတင်း

ဒေါ့မွန်ကို ကျားသေအသက်သွင်းခဲ့သလို ဖြစ်စေခဲ့တဲ့ အိုလီဗာ ခန်းရဲ့ မှတ်ချက်

ဘိုင်ယန်မြူးနစ်အသင်းအတွက်တော့ ယခုရာသီဟာ ကြည့်လို့ကောင်းတဲ့ရာသီမဟုတ်ခဲ့ဘဲ ဘွန်ဒက်စ်လီဂါဖလားကို ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့အတွက် ထူးခြားဆန်းကြယ်တာတွေ ဖြစ်မှရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအချိန်အများစုကို ဦးဆောင်နေခဲ့တာဖြစ်ပေမယ့်လည်း ဘုတ်အဖွဲ့ရဲ့ ကံကြမ္မာဆိုးခဲ့တဲ့ အလောင်းအစားကြောင့် ဒုတိယနေရာကို ကျဆင်းသွားခဲ့တာဖြစ်ပြီး ပရိသတ်အများစုအတွက်တော့ ဒေါ့မွန်ကို အမှတ်ပေးဇယားထိပ်မှာ မြင်နေရတာ မကြုံစဖူးဖြစ်နိုင်ပါတယ်။

အဲဒီအရာကို ဘိုင်ယန်မြူးနစ် စီအီးအို အိုလီဗာ ခန်းက ပြုလုပ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဘွန်ဒက်စ်လီဂါဖလားအောင်ပွဲခံချိန်အတွင်း မောက်မာတဲ့ မိန့်ခွန်းက ဒေ့ါမွန်ကို အတင်းလှုပ်နှိုင်းလိုက်သလို ဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။

“ဒေါ့မွန်က လာမယ့်ရာသီ ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ ပြိုင်ဆိုင်မှုကို ကျွန်တော် ကြားခဲ့ရပါတယ်။ ကျွန်တော် ဒီမှာ အရာတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ပေးထားပြီးပြီ။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ပြောမယ်။ သူတို့တွေ မိတ်ကပ်လိမ်းထားလို့ ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်နည်းပြဟောင်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဆယ်စုနှစ်တစ်ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပြီး နှစ်တိုင်း ဘိုင်ယန်မြူးနစ်ကပဲ အနိုင်ရနေတာ ကြည့်လို့မကောင်းဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါဖလားပြိုင်ပွဲကို စောင့်ကြည့်နေခဲ့လားလို့ မေးမြန်းခဲ့ချိန်မှာ ကလော့ပ်က “ကြည့်နေပါတယ်။ ကျွန်တော် သေနေတာမဟုတ်ဘူး။ ကျွန်တော် အသက်ရှင်နေတာ။ ဟုတ်တာပေ့ါ။ ကျွန်တော် အဲဒါကို စောင့်ကြည့်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေတယ်။ တကယ်လို့ ဒေါ့မွန်က တစ်ကြိမ်လောက် မိုင့်ဇ်နဲ့ ရင်ဆိုင်ပြီး အနိုင်ရရှိသွားမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမယ်လို့ ပြောလို့ရနိုင်တယ်။ ဘာမှပြဿနာမရှိပါဘူး။ မိုင်ဇ့်သာ သူတို့ရဲ့ နောက်ဆုံးပွဲကို အနိုင်ရခဲ့ရင် သူတို့ ဥရောပဝင်ခွင့်ရရှိဖို့ အခွင့်အရေးရလိမ့်မယ်လို့ ကျွန်တော် ထင်ပြီး အဲဒီလိုဆို ပိုပြီး ရှုပ်ထွေးသွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက သိပ်တော့မဖြစ်နိုင်ဘူးလို့ ထင်တယ်”

“ဟုတ်ပါတယ်။ ကျွန်တော် ဒေါ့မွန်ပဲ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက(ဘွန်ဒက်စ်လီဂါမရခဲ့တာ) တော်တော်လေးကြာခဲ့ပြီလို့ ထင်ပါတယ်။ အီဒင်ကိုလည်း ကျွန်တော် အရမ်းကောင်းကောင်းသိတယ်။ ကျွန်တော် ဒေ့ါမွန်က လူတွေအများကြီးအကြောင်းကို ကောင်းကောင်းသိတယ်။ ကျွန်တော်တို့က အမြဲတမ်း အဆက်အသွယ်ရှိခဲ့ကြပြီး အခုလည်း အဆက်အသွယ်ရှိကြပါတယ်။အဲဒါက မြို့ကို ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာကို ကျွန်တော် သိပါတယ်။ ဘိုင်ယန်က အဲဒါကို မတူညီတဲ့ပုံစံနဲ့ မြင်မယ်ဆိုတာ ကျွန်တော် တွေးကြည့်လို့ရတယ်။ ဒါပေမယ့် တူညီတဲ့အသင်းကပဲ အမြဲတမ်း ချန်ပီယံဖြစ်လာရင် အဲဒါက ပျော်စရာမကောင်းတော့ပါဘူး”

“ကျွန်တော်တို့အားလုံး ဘယ်လိုနည်းနဲ့မဆို နောက်နှစ်မှာ ဘိုင်ယန်က ပြန်လည်ထိုးနှက်လာမယ်ဆိုတာ သိကြပါတယ်။ အဲဒီတော့ ကွာဟမှုရှိနေတယ်ဆိုရင် ဒေါ့မွန်အနေနဲ့ အဲဒါကို ကျော်ဖြတ်ရမှာပါ။ သူတို့တွေ လုပ်နိုင်မယ်လို့ တကယ်မျှော်လင့်မိပါတယ်။ သူတို့တွေက ခြေစွမ်းတက်လိုက်၊ ကျလိုက်ဖြစ်ခဲ့ပေမယ့် သူတို့တွေ အဲဒါကို လုပ်နိုင်မယ့်ပုံပေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဒီမှာရှိနေဖို့ လုပ်နိုင်ခဲ့ပြီးသားလို့ ဘယ်သူကမှ မတွေးကြပါဘူး။ ကျွန်တော်သာ အဲဒီမှာ နည်းပြဖြစ်နေရင် ခင်ဗျားဘဝရဲ့ အပြင်းထန်ဆုံးအချိန်အပိုင်းအခြား ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး ပွဲမတိုင်ခင် ရက်ဆိုရင် အားလုံးက ပါတီလုပ်ဖို့နဲ့ ဒီလို ကိစ္စတွေကို အစီအစဉ်ဆွဲကြတဲ့အချိန်မှာ ခင်ဗျားက ဟုတ်ပြီ။ ဒါပေမယ့် ငါ့ကို ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့လို့ ပြောရမှာပါ။ အဲဒါက တကယ်ကို အန္တရာယ်များပါတယ်။ အဲဒီတော့ အဲဒါက ပွဲကြီးတစ်ပွဲဖြစ်ပြီး သူတို့တွေ အဲဒါကို ဖြတ်ကျော်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အဲဒါက ကြီးမားတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။