Ligue,  ဘောလုံးသတင်း

လာမယ့်ရာသီ အစီအစဉ်ကို အတည်ပြုလိုက်တဲ့ ဥက္ကဌကြီး

ခီလီယန် အမ်ဘာပေဟာ လိဂူးဝမ်းကလပ်အသင်းနဲ့ ကာလရှည် အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လာမယ့်ရာသီ ပီအက်စ်ဂျီမှာ ရှိနေမှာဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၎င်းကိုယ်တိုင် အသက်သွင်းမှသာ တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ ၂၀၂၅ ခုနှစ်အထိ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အဲဒီမတိုင်ခင် ရီးရဲလ်မက်ဒရစ်ကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးဟာ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ လိဂူးဝမ်းက ၂၈ ဂိုးအပါအဝင် သွင်းဂိုး ၄၀ အထိ အံ့အားသင့်ဖွယ် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ လိဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာမယ့်ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေက တနင်္ဂနွေနေ့မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ သမဂ္ဂရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူခဲ့ပြီးနောက် ဘယ်ကိုမှ သွားမှာမဟုတ်ဘဲ အသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အေးအေးဆေးဆေးပါပဲ။ ကျွန်တော် အရမ်းပျော်နေတယ်။ ကျွန်တော် ဒီမှာ ရှိနေတယ်။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ ကျွန်တော်က အကောင်းဆု့းကစားသမားပါ။ အဲဒါက အရေးအကြီးဆုံးအရာပါ။ ကျွန်တော့်မှာ စာချုပ်ရှိတယ်။ ကျွန်တော့်မှာ နောက်တစ်နှစ်ကျန်သေးတယ်။ ကျွန်တော် အဲဒီမှာပဲ ရှိနေမှာပါ။ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်။”

အမ်ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ ၂ ရာသီဆက်တိုက် လိဂူးဝမ်းဖလား ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ခဲ့ပြီး စံချိန်မှတ်တမ်းတွေမှာ ၎င်းရဲ့ နာမည်ကို ချန်လှပ်ထားခဲ့ချင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“’ဒီမှတ်တမ်းက စိတ်ပျော်ရွှင်စရာပါ။ ကျွန်တော့်နာမည်ကို ကျွန်တော့်နိုင်ငံရဲ့ ချန်ပီယံရှစ်သမိုင်းမှာ ချန်ရစ်နိုင်ခဲ့အောင် အမြဲတမ်း အနိုင်ရချင်ခဲ့တယ်။ ကျွန်တော် ရည်မှန်းချက်တွေရှိပေမယ့်လည်း အများကြီး အနိုင်ရဖို့၊ မြန်မြန် အနိုင်ရဖို့ မတွေးပါဘူး။ အဲဒါက စစ်မှန်တဲ့ စိတ်ပျော်ရွှင်စရာပါ။”လို့ ပြောကြားခဲ့ပါတယ်။