Ligue,  ဘောလုံးသတင်း

လီယို မက်ဆီ ပြင်သစ်မြေကို တကယ် စွန့်ခွာဖို့ သေချာခဲ့ပြီ

အာဂျင်တီးနား ကမ္ဘာ့ချန်ပီယံ လီယို မက်ဆီ တယောက် ပြင်သစ်မြေက ထွက်ခွာတော့မယ်လို့ ပီအက်စ်ဂျီ နည်းပြ ခရစ္စတိုဖာ ဂတ်တီယာက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

” ကျွန်တော် ဘောလုံး သမိုင်းရဲ့ အကောင်းတကာ့ အကောင်းဆုံး ကစားသမား တယောက်ကို နည်းပြခွင့် ရခဲ့ပါတယ်။ လာမယ့် ကလီးမွန့်နဲ့ ပွဲစဉ်ဟာ လီယို မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းတွက် နောက်ဆုံး ပွဲစဉ် ဖြစ်လာတော့မှာပါ။ ”

” လီယို အတွက် အနွေးထွေးဆုံး နှုတ်ဆက်မှုတွေ ရဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ” လို့ဆိုရင်း မက်ဆီရဲ့ ပြင်သစ်မြေက အဆုံးသတ်ကို ဂတ်တီယာက အတည်ပြုသွား ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ မက်ဆီတယောက် ပီအက်စ်ဂျီကို ရောက်လာခဲ့ပြီး ပြည်တွင်းမှာ အောင်မြင်ခဲ့ပေမယ့် ပြင်သစ် ကလပ် အသင်း လိုချင်တဲ့ ချန်ပီယံလိဂ် ဆုဖလားကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဖူး။

လက်ရှိ မက်ဆီကို ခေါ်ဖို့ ဘာစီလိုနာ အသင်းက တစ်ပြေးနေပြီး ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကလည်း ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် မန်စီးတီး၊ ချဲဆီး၊ နယူးကာဆယ်တို့နဲ့လည်း သတင်း တချို့ ထွက်နေပါတယ်။

ဆော်ဒီ ကလပ် အယ်ဟီလယ် အသင်းက တနှစ်ကို ပေါင် ၅၂၂ သန်းနဲ့ မက်ဆီကို ကမ်းလှမ်းထားတယ်လို့လည်း နာမည်ကျော် သတင်းဌာန တော်တော်များများက ဖော်ကောင် လုပ်ထားပါတယ်။

ပီအက်စ်ဂျီက ထွက်တော့မယ် ဆိုတာ သေချာသွားပြီးနောက်မှာ မက်ဆီရဲ့ ဖခင်လည်းဖြစ် အေးဂျင့်လည်း ဖြစ်သူ ဂျော့ဂျ်က အခုလို ထုတ်ပြန် သွားခဲ့ပါတယ်။

” နောက်ရာသီ ဘယ်မှာ ဖြစ်မလဲ ဘာမီ မသဲကွဲသေးပါဖူး။ ပီအက်စ်ဂျီနဲ့ နောက်ဆုံး ပွဲစဉ် မပြီးဆုံးသေးပဲ ဘာဆုံးဖြတ်ချက်မှ လုပ်ဦးမှာ မဟုတ်ပါဖူး။ ”

” ရာသီပြီးပြီ ဆိုတာနဲ့ အရာရာ ဆန်းစစ်ဖို့ အချိန်ရောက်ပြီ ဆိုတာ အသေချာပဲ။ အဲ့ဒီ အချိန်ရောက်မှ ဆုံးဖြတ်ချက် ချတာပေါ့။ လီယို မက်ဆီဆိုတဲ့ နာမည်နဲ့ ကောလ ဟာလတွေကတော့ အများကြီး ထွက်မှာပဲ။ ”

” သေချာတာ တခုကတော့ အခုချိန်မှာ ဘာမှ မထူးသေးဖူး ဆိုတာပဲ။ ဘာ်အသင်းနဲ့မှ နှုတ်အားဖြင့် သဘော တူတာတွေ၊ လက်မှတ်ထိုးထားတာတွေ၊ သဘောတူညီမှု ယူထားတာတွေ ဘာမှ မရှိသေးပါဖူး။ ” ဆိုပြီး မက်ဆီရဲ့ ဖခင်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

မက်ဆီရဲ့ ပြင်သစ်မြေ စွန့်စားခန်းကတော့ အဆုံးသတ်ခဲ့ပါတယ်။ အာဂျင်တိုင်းသားကြီးကို အလွတ်ခေါ်ခွင့် ရမယ့် အခွင့်ရေးကို အသင်းကြီး တော်တော်များများကလည်း မျှော်လင့် နေကြပါတယ်။

ဒီတော့ ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံကြီးရဲ့ အနာဂတ်က အသင်းဟောင်း ဘာစီလိုနာလား၊ ဆရာဟောင်း ပက်ရဲ့ မန်စီးတီးလား၊ ငွေပုံကြီး လမ်းခင်းထားတဲ့ ဆော်ဒီ ကလပ်လား၊ ဆရာတယောက် အဖြစ် ထင်တိုင်းကြဲနိုင်မယ့် မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီယား၊ သေချာတော့ မက်ဆီကို ဂျာစီသစ်နဲ့ မြင်ရတော့မှာပါ။ ပရိတ်သတ်တွေရော မက်ဆီကို ဘယ်ဂျာစီနဲ့ မြင်ရဖို့ စိတ်အား ထက်သန်နေပါသလဲ။