ဘောလုံးပွဲကြိုခန့်မှန်း

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

♦ အေစီမီလန် – နယူးကာဆယ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက် ည ၁၁း၁၅ နာရီ)

တိုနာလီက အသင်းဟောင်းကို ပြန်လာမယ်။ နယူးကာဆယ်က ရလဒ်တွေ ဆိုးနေတယ်လို့ပဲ ပြောရမယ်။ နောက်ဆုံးပွဲမှာတော့ နိုင်ပွဲ ပြန်ရခဲ့တယ်။ အေစီမီလန်အသင်းကလည်း ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ မီလန်ဒါဘီမှာ အင်တာမီလန်ကို ရှုံးခဲ့တယ်။ လက်ရှိခြေစွမ်းအရ ကြည့်မယ်ဆိုရင် ဒီနှစ်သင်းကြားမှာ ကွာဟချက် အရမ်းမကြီးမားပါဘူး။ နယူးကာဆယ်မှာလည်း ဥရောပရဲ့ဘယ်အသင်းကိုမဆို ခြိမ်းခြောက်နိုင်တဲ့ ကစားသမားစုဖွဲ့မှုမျိုး ရှိတယ်။ ဒါပေမဲ့ ပွဲရဲ့အရှိန်ကို ထိန်းချုပ်တဲ့အပိုင်းနဲ့ End Prouduct မှာတော့ အစဉ်အလာရော၊ အတွေ့အကြုံပါသာတဲ့ အေစီမီလန်က ပိုအားကောင်းတယ်။ အေစီမီလန်ရဲ့အိမ်ကွင်းလည်း ဖြစ်နေတယ်။ အေစီမီလန် ကပ်နိုင်လိမ့်မယ်။

♦ ယန်းဘွိုင်းစ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက် ည ၁၁း၁၅ နာရီ)

ယန်းဘွိုင်းစ်က အသင်းကြီးတွေကို ဒုက္ခပေးခဲ့ဖူးတဲ့အစဉ်အလာရှိတယ်။ ၂၀၁၈တုန်းက ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ နိုင်ခဲ့ဖူးသလို၊ ၂၀၂၁ တုန်းကလည်း မန်ယူကို အိမ်ကွင်းမှာ နိုင်ခဲ့ဖူးတယ်။ အသင်းငယ်လေးတစ်သင်းဆိုပေမဲ့ လျှော့မတွက်သင့်ဘူး။ လိုက်ပ်ဇစ်က အားကောင်းပြီး အတွေ့အကြုံရင့် အသင်းတစ်သင်းဖြစ်နေပြီ။ ဒါပေမဲ့ ယန်းဘွိုင်းစ်ကွင်းမှာ သရေကျသွားရင် အံ့သြစရာမရှိဘူး။

♦ ဖီယင်နု – ဆဲလ်တစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

ဖီယင်နုက ဆဲလ်တစ်တင်မဟုတ်ဘူး။ ဘယ်စကော့တလန်အသင်းနဲ့မှ မတွေ့တာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ။ အခုအချိန်မှာ ဥရောပအဆင့် ပွဲစဉ်တွေနဲ့ အသင်းတစ်သင်းအနေနဲ့ ဖီယင်နုရဲ့ အတွေ့အကြုံက တော်တော်လေး အားနည်းနေပြီ။ ဆဲလ်တစ်ကလည်း နောက်ဆုံးအဆင့်ပွဲစဉ်တွေကိုရောက်တာ နည်းပါတယ်။ ဒါပေမဲ့ ပိုစတီကိုဂလူးနဲ့လက်တွဲခဲ့တုန်းက တိုက်စစ်ကောင်းတဲ့အရှိန်ရှိတယ်။ သရေထိန်းကစားနိုင်တယ်။

♦ လာဇီယို – အက်သလက်တီကို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

လာဇီယိုနဲ့ အက်သလက်တီကိုက ကစားဟန်ဆင်ကြတယ်။ နှစ်သင်းစလုံး Compact ဖြစ်တယ်။ မာကျောတယ်။ ဒါပေမဲ့ ဒီရာသီမှာ အက်သလက်တီကိုရဲ့ တိုက်စစ်ကစားပုံက ပိုကောင်းလာတာ တွေ့ရတယ်။ နှစ်သင်းစလုံးက ကစားပုံမာပြီး တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားကြတယ်။ အတွေ့အကြုံပိုင်းမှာ အက်သလက်တီကိုသာပေမဲ့ ရောမမှာကစားမယ့်ပွဲဖြစ်လို့ သရေကျသွားနို်င်တယ်။

♦ PSG – ဒေါ့မွန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

PSG အသင်းက မက်ဆီ၊ နေမာတို့ ခေတ်လွန်မှာ အားကောင်းတဲ့ တိုုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားဆဲပါ။ အရည်အသွေးမြင့်ကစားသမားတွေနဲ့ ကစားကွက်လည်းကောင်းတယ်။ ဒါပေမဲ့ အသင်းလိုက်အရည်အသွေးပိုင်း တက်လာပြီး တစ်ဦးချင်းစွမ်း ဆောင်ရည်မှာ နည်းနည်းကျသွားတယ်။ ရလဒ်တွေလည်း မငြိမ်သေးဘူး။ အန်နရီကေးလက်ထက်မှာ ကြာလာရင်တော့ ပိုကောင်းလာနိုင်တယ်။ ဒေါ့မွန်က အရည်အသွေးမြင့်အသင်းပါ။ ဒါပေမဲ့ PSG ကွင်းမှာတော့ PSG ကိုပဲ ကြိုက်တယ်။

♦ မန်စီးတီး – ဇဗက်ဒါ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

မန်စီးတီးအတွက် အခက်အခဲ မရှိ၊ စိတ်ပူစရာ မရှိ။ လွယ်လွယ်ကူကူပဲ ဂိုးပြတ်သွင်းသွားမယ့် ပွဲတစ်ပွဲဖြစ်တယ်။ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ကစားဖို့် ပရီးမီးယားလိဂ်မှာ ကစားသမားတွေ အနားပေးရတာမျိုးမဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေကို ဆက်ထိန်းထားဖို့အတွက် ချန်ပီယံလိဂ်မှာ အဓိကကစားသမားတချို့ အနားပေးထားရမယ့် အနေအထားဖြစ်တယ်။

♦ ဘာစီလိုနာ – အန့်ဝပ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ ကာလအတန်ကြာ မြင်ကွင်းက ဝေးကွာနေတဲ့အသင်းတွေ တော်တော်လေး ပါလာပြီး၊ အန့်ဝပ်ကလည်း ဒီလိုအသင်းတွေထဲက တစ်သင်းပဲ။ ဘာစီလိုနာက ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ အောင်မြင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ ကျရှုံးခဲ့တယ်။ ဒါပေမဲ့ ဒီရာသီမှာ ပိုကောင်းတဲ့ ဘာစီလိုနာကို မြင်ရမှာ သေချာပါတယ်။ ဘာစီလိုနာ ဂိုးပြတ်နိုင်လိမ့်မယ်။

♦ ရှက်တာဒိုးနက် – ပေါ်တို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

ရှက်တာဒိုးနက်နဲ့ ပေါ်တိုတို့က ဥရောပအဆင့်မှာ  ပုံမှန်ကစားနေကြတဲ့ အတွေ့အကြုံရင့် အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံးက ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားကြတယ်။ ပေါ်တိုကတော့ ထိပ်ပိုင်းအဆင့်တွေကို ပိုပြီးရောက်တယ်။ အုပ်စုကျော်ဖြတ်နိုင်တဲ့အတွေ့အကြုံ ပိုများတယ်။ မထင်မှတ်တဲ့ အဝေးကွင်းရလဒ်ကောင်းတွေကိုလည်း ယူလေ့ရှိတယ်။ ပေါ်တိုကို ကြိုက်တယ်။