ဘောလုံးပွဲကြိုခန့်မှန်း

စီးရီးအေ နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဖရိုဆီနိုနီ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁းဝ၀ နာရီ)

တန်းတက်အသင်းတွေထဲမှာ ဖရိုဆီနိုနီကို အင်အားအကောင်းဆုံးအသင်းလို့ ပြောနိုင်တယ်။ ဖီအိုရင်တီးနားကလည်း အင်တာမီလန်ကို ရှုံးခဲ့တာကလွဲလို့ အပြစ်ရှာဖို့ခက်တဲ့ အသင်းလို့ ပြောနိုင်ပါတယ်။ (၂-၂)လောက် ဖြစ်နိုင်တယ်။

မွန်ဇာ နှင့် ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁းဝ၀ နာရီ)

ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာ ဧည့်သည်အသင်းတွေပဲ အနိုင်ရခဲ့ကြတယ်။ လက်ရှိ နှစ်သင်းအကြား ခြေစွမ်းကွာဟချက်လည်း မရှိပါဘူး။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ မွန်ဇာကို ကြိုက်တယ်။

ဂျီနိုအာ နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)

နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ရိုးမားက ဂျီနိုအာကို သိသိသာသာအသာစီးရယူနိုင်တာကို တွေ့ရတယ်။ ဒါ့အပြင် မော်ရင်ဟိုရဲ့ ရိုးမားက တစ်ပွဲထက်တစ်ပွဲပိုကောင်းလာတယ်။ နောက်ဆုံးပွဲမှာ တိုရီနိုကို အနိုင်မရခဲ့ပေမဲ့ ရိုးမားမညံ့ခဲ့ပါဘူး။ အဝေးကွင်းဆိုပေမဲ့ ရိုးမားရလဒ်ကောင်းလိမ့်မယ်။

ဂရန်နာဒါ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဒီရာသီ ဘက်တစ်ခြေစွမ်းက ပုံမှန်မရှိသေးသလိုပဲ။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးရနှုန်းအတက်အကျမြန်နေသေးတယ်။ ဒါပေမဲ့ ဂရန်နာဒါခံစစ်လျော့လွန်းတာရယ် အစဉ်အလာအသာရနေတာရယ်ကြောင့် ဘက်တစ်နဲ့ ဂိုးအများပဲရွေးထားမယ်။

ဆယ်လ်တာဗီဂို နှင့် အလာဗတ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

အစဉ်အလာမှာတော့ ဆယ်လ်တာဗီဂိုကို အလာဗတ်စ် မယှဉ်သာပါဘူး။ ဆယ်လ်တာဗီဂိုနဲ့တွေ့ခဲ့သမျှ အရှုံးပေးခဲ့ရတာ များတယ်။ အခုလည်း ဆယ်လ်တာဗီဂိုပြန်လာပြရတော့မယ့်အချိန်ပါ။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲကြိုက်တယ်။

အိုဆာဆူနာ နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

အက်သလက်တီကို ဒဏ်ရာပြဿနာများနေတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ပိုထိန်းပြီးကစားနေသလို တိုက်စစ်ပိုင်းကလည်း အဝေးကွင်းမှာ ဂိုးတွေပိုရတတ်တယ်။ အက်သလက်တီကို အနိမ့်ဆုံးသရေကစားမှာပါ။ ဂိုးတော့နည်းမယ်။