ဘောလုံးပွဲကြိုခန့်မှန်း

■ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

လူတန် – စပါး (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၆:၀၀ နာရီ)

လူတန်က ပရီးမီးယားလိဂ်အသင်းတွေနဲ့ ယှဉ်ရင် ခြေစွမ်း၊ လူအင်အား၊ ငွေကြေးအင်အား အစစအရာရာချို့တဲ့ပါတယ်။ ပြောရရင် တန်းမမီဘူး။ စိတ်ဓာတ်နဲ့ ကစားရတဲ့ အသင်းဖြစ်တဲ့အတွက် လူတန်ရဲ့ နိုင်ပွဲဆိုတာ ရှားလိမ့်မယ်။ အရမ်းခြေတွေ့၊ ကံတွေ့မှ နိုင်ပွဲမျှော်လို့ရမယ်။ ပုံမှန်အားဖြင့်တော့ စပါးက လူတန် ယှဉ်ကစားနိုင်တဲ့အဆင့်မဟုတ်သလို လက်ရှိ Form လည်း ကွာပါတယ်။ စပါးပဲ အနိုင်ရလိမ့်မယ်။ 



ဘန်လေ – ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

ဘန်လေက နောက်ဆုံးတော့ နိုင်ပွဲရသွားခဲ့ပြီ။ လူတန်တောင်းအသင်းရဲ့ကွင်းမှာ ဒီရာသီအတွက် ပထမဆုံး (၃)မှတ်ပြည့်ကို ရခဲ့တယ်။ အခု အိမ်ကွင်းမှာ ဆက်ကစားရမယ်။ ချယ်လ်ဆီးကလည်း နိုင်ပွဲတစ်ပွဲရဖို့ လူတန်ကို နိုင်ပြီးကတည်းက စောင့်ခဲ့ရပြီး ဒီတစ်ပတ်မှ ဖူလ်ဟမ်ကွင်းမှာ ပြန်နိုင်ခဲ့ခြင်းဖြစ်တယ်။ အခုလည်း ဘန်လေကွင်းမှာ ဆက်ကစားရမယ်။ ဖူလ်ဟမ်ကို ကစားခဲ့တဲ့ခြေအရဆိုရင်တော့ ဘန်လေကို ချယ်လ်ဆီးနိုင်မှာပါ။ 



အဲဗာတန် – ဘုန်းမောက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်က ဘရန့်ဖို့ဒ်လို အသင်းကို အနိုင်ကစားပြီးချိန်မှာ လူတန်ကိုတော့ ရှုံးခဲ့ပြန်တယ်။ အဲဗာတန်ကို ကြည့်ရတာ ရာသီကုန်မှာ တန်းဆင်းရမယ့် အသင်းတစ်သင်းလိုပဲ။ ဘုန်းမောက်ကလည်း ရလဒ်တွေဆိုးနေတဲ့အသင်းပါ။ ဒါပေမဲ့ အဲဗာတန်ထက်စာရင် ဘုန်း မောက်က ခြေစွမ်းပိုကောင်းတယ်။ အဲဗာတန်ကွင်းဖြစ်နေလို့ အားသာတာမှန်ပေမဲ့ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။ 



ဖူလ်ဟမ် – ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

ဖူလ်ဟမ်က နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေထဲမှာ လူတန်တစ်သင်းတည်းကို နိုင်ခဲ့တယ်။ တကယ်တော့ လူတန်က အသင်းတော်တော်များများ နိုင်တဲ့အသင်းဖြစ်နေပြီး ဖူလ်ဟမ်ရဲ့ လက်ရှိခြေစွမ်းဟာ စိတ်မချရတဲ့၊ အားရစရာမကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်။ ရှက်ဖီးယူနိုက်တက်ကလည်း အခြေအနေတော်တော်ဆိုးနေတဲ့အသင်းဖြစ်လို့ ဖူလ်ဟမ် ဒီပွဲတော့ အခွင့်အရေးရှိပါတယ်။ 



မန်ယူ – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

မန်ယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲမှာ (၃)ပွဲရှုံးခဲ့ တယ်။ အိမ်ကွင်းနောက်ဆုံးနှစ်ပွဲမှာ ဘရိုက်တန်နဲ့ ပဲလေ့စ်တို့ကို ရှုံးခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးကို ရှုံးထားကိုပါ ထည့်တွက်ရင် အိမ်ကွင်း (၃) ပွဲဆက် ရှုံးထားတာကို တွေ့ရတယ်။ ဘရန့်ဖို့ဒ်က မန်ယူခံစစ်ကို ဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကစားပုံရှိတယ်။ ဒါပေမဲဲ့ ဒီရာသီမှာ နည်းနည်းတော့ အားနည်းနေတယ်။ မန်ယူ ကပ်နိုင်မယ်ထင်တယ်။ 



ခရစ္စတယ်ပဲလေ့စ် – နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၁၁:၀၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ကို အနိုင်ရခဲ့တယ်။ ပဲလေ့စ်က လူသာစုံရင် ကြောက်စရာကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး အစ်ဇေး ပါလာတဲ့ ကွင်းလယ်က အရမ်းအားကောင်းလာတယ်။ နော်တင်ဟမ်က အားကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး၊ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အားကောင်းတယ်။ ပဲလေ့စ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာမယ်။ နော်တင်ဟမ်ကို ကြိုက်တယ်။