Laliga,  ဘောလုံးသတင်း

ဒိုင်လူကြီးကြောင့် အနိုင် ၃ မှတ်အပြည့်မရခဲ့လို့ ပေါက်ကွဲခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက တနင်္ဂနွေနေ့ညမှာ ဂရာနာဒါနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်ပြီးမှာ ၎င်းရဲ့အသင်းက အနိုင် ၃ မှတ်အားလုံးကို ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။

ဧည့်သည်တွေဟာ ဘရိုင်ယန် ဇာရာဂိုဇာရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် နောက်ကနေ ဂိုးတွေ လိုက်သွင်းပြီး သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပြီး လမိုင်း ယာမယ်နဲ့ ဆာဂျီ ရောဘတ်တိုတို့ရဲ့ ဂိုးတွေကြောင့် ဘာဆာရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တစ်ပွဲလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေရခဲ့ပြီး ဒီထက်ပိုတဲ့ရမှတ်တွေနဲ့ ထိုက်တန်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ အမှားတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ကွင်းထဲမှာ ကစားလို့မရပါဘူး။ ကျွန်တော်တို့ သူတို့ အန္တရာယ်ပေးနိုင်တဲ့အကြောင်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ တိုက်ပွဲပြန်ဝင်ခဲ့တယ်။ အဲဒီကနေစပြီး အသင်းက စိတ်ရှည်သည်းခံခဲ့တယ်။ ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ရမှတ် ၁ မှတ်ပဲ ရယူနိုင်ခဲ့တာက မလုံလောက်ပါဘူး။”

ဇာဗီက ဘာစီလိုနာရဲ့ နောက်ကျ အနိုင်ဂိုးကို ပယ်ဖျက်ခြင်းခံခဲ့ရတာကိုလည်း မကျေမနပ်ဖြစ်ခဲ့ပြီး ဂျာအို ဖဲလစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကို ဒိုင်လူကြီးက ဖာရန် တောရက်စ် လူကျွံခဲ့တယ်ဆိုပြီး ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

“ဂျာအို ဖဲလစ်ရဲ့ ဂိုးကို ဒိုင်လူကြီးက ငြင်းပယ်နိုင်သလို သူ ပေးလို့လည်း ရပါတယ်။ တောရက်စ်က ကြားဝင်ခဲ့ခြင်းမရှိဘူးလို့ ကျွန်တော် ထင်တယ်။ ဖာရန် ခုန်ခုန်၊ မခုန်ခုန် ဘောလုံးက တစ်နေရာတည်းကိုပဲ သွားမှာပါ။ သူက ဘယ်သူ့ကို ဝင်ရောက်စွက်ဖက်ရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS