Laliga,  ဘောလုံးသတင်း

ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ တနင်္ဂနွေနေ့ညက ကဒစ်ဇ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက လက်ရှိအချိန်အထိ ၁၅ ပွဲပါဝင်ကစားပေးထားရာမှာ ၁၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကဒစ်ဇ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပထမဆုံး ၁၅ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးထက်ပိုမို သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ဘာနေဗျူးမှာ အလွန်ကောင်းမွန်တဲ့ကစားသမားဘဝ စတင်မှုကို ပိုင်ဆိုင်ခဲ့ပြီး ပထမဆုံး ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးဟာ ၁၉၅၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ဂန္တဝင် အယ်လ်ဖရက်ဒို ဒီစတီဖာနိုနဲ့ ၁၉၄၃ ခုနှစ်က စပိန်တိုက်စစ်မှူး ပရူဒန်တို့ စိုက်ထူခဲ့တဲ့ သွင်းဂိုးစံချိန်ကို လိုက်မီရုံတင် လိုက်မီခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS