ဘောလုံးပွဲကြိုခန့်မှန်း

လိဂ်ဖလား၊ စပိန်စူပါဖလားနှင့် ကိုပါအီတာလီယာဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့

လီဗာပူးလ် – ဖူလ်ဟမ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်အသင်း ပြီးခဲ့တဲ့စက်တင်ဘာလမှာ စပါးအသင်းကို အရေးနိမ့်ပြီးကတည်းက ပြည်တွင်းပွဲတွေမှာ ရှုံးပွဲမရှိတာ အတော်ကြာပါပြီ။ အသင်းမှာ ဒဏ်ရာရပြဿနာတွေ ရှိနေတဲ့အပြင် ဆာလာ၊ အန်ဒိုတို့ကိုလည်း ဒေသတွင်းပြိုင်ပွဲတွေကြောင့် လက်လွှတ်ထားရတယ်။ ဒါပေမဲ့ နည်းပြ ကလော့ပ်အဖို့ ပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့လို့ စောစောစီးစီး လိဂ်ဖလားအောင် မြင်မှုကို ရယူထားမယ့်ပုံရှိနေတယ်။ စတုတ္ထအဆင့်ကတည်းက လီဗာပူးလ်အသင်း ပွဲထွက်လူထုတ်ပုံကိုကြည့်ရင် ကလော့ပ် အနေနဲ့ လိဂ်ဖလားမှာ အာရုံစိုက်ထားတာ သေချာပါတယ်။ ဖူလ်ဟမ်အသင်းကတော့ အာဆင်နယ်ကို အနိုင်ကစားထားလို့ စိတ်ဓာတ်မြင့်တက်နေနိုင်ပြီး ပရီးမီးယားလိဂ်ဘက်မှာလည်း သိပ်ဖိအားမရှိပါဘူး။ အန်ဖီးလ်ကွင်းဖြစ်လို့ လီဗာပူးလ်ကိုပဲ ရွေး ချယ်ချင်တယ်။

■ စပိန်စူပါဖလား ဆီမီးဖိုင်နယ်

ရီးယဲလ်မက်ဒရစ် – အက်သလက်တီကို (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီရာသီ လာလီဂါတွေ့ဆုံမှုမှာ အက်သလက်တီကိုအသင်းက မိုရာတာ၊ ဂရီးဇ်မန်းတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူထားခဲ့ပါ တယ်။ လက်ရှိမှာလည်း မိုရာတာ-ဂရီးဇ်မန်းအတွဲက စပိန်မှာ အကောင်းဆုံးတိုက်စစ်အတွဲအဖက် ဖြစ်နေပြီး ခံစစ်မှာ ဒဏ်ရာ ပြဿနာတွေများနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက်တော့ ရတက်မအေးစရာပါပဲ။ ရီးယဲလ်အသင်းက ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲတစ်ပွဲသာ ရှိပြီး အဲဒီပွဲကလည်း အက်သလက်တီကိုအသင်းကိုပဲ အရေးနိမ့်ထားတာဖြစ်တယ်။ အက်သလက်တီကိုရဲ့သမ္ဘာ ရင့်ကစားသမားတွေနဲ့ ရီးယဲလ်တိုက်စစ်ပိုင်းက လူငယ်တွေ အားပြိုင်တဲ့ပွဲဖြစ်လာပြီး အသင်းအရှိန်အဝါက အခုလိုပွဲမျိုးမှာ စကားပြောသွားနိုင်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မက်ဒရစ်ဒါဘီပွဲဖြစ်လို့ မှန်းဆရခက်ပေမဲ့ ရီးယဲလ်အသင်းကိုပဲ ရွေးချယ်ချင် ပါတယ်။

■ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်

ဂျူဗင်တပ်စ် – ဖရိုဆီနိုနီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်း ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ပြိုင်ပွဲစုံ (၁၅)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဖရိုဆီနိုနီကတော့ နာ ပိုလီကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်ကို တက် ရောက်လာခဲ့တာဖြစ်တယ်။ ဂျူဗင်တပ်စ်အသင်း ဂိုးပြတ်ဦးမယ် ထင်တယ်။