ဘောလုံးပွဲကြိုခန့်မှန်း

စီးရီးအေ၊ လာလီဂါနှင့် FA ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆလာနီတာနာ နှင့် ရိုးမား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ရိုးမားနည်းပြ ဒီရော့ဆီက ပွဲဦးထွက်မှာ ဗီရိုနာကို အနိုင်ကစားပြခဲ့တယ်။ လူကာကူ၊ အယ်လ်ရှာရာဝီတို့လို ကစားသမားတွေ ပုံစံကောင်းပြနိုင်ခဲ့ကြပြီး တိုက်စစ်ကစားပုံလည်း မြိုင်ဆိုင်ခဲ့တယ်။ ဆလာနီတာနာက တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ အလုပ်မဖြစ်သေးဘူး။ ရိုးမားကို ရွေးချင်တယ်။

ဂီတာဖေး နှင့် ဂရန်နာဒါ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဂီတာဖေးရဲ့ လက်ရှိကစားအားနဲ့ အိမ်ကွင်းအားကောင်းမှုကို ဂရန်နာဒါ ကျော်လွှားနိုင်ဖို့မလွယ်ဘူး။ နဂိုကတည်းကလည်း ဂရန်နာဒါရဲ့ အဝေးကွင်းကစားပုံက အားရစရာမရှိသေးလို့ ဂီတာဖေးကိုပဲ ရွေးထားသင့်တယ်။ ဂိုးလည်းများသွားနိုင်တယ်။

ဘလက်ဘန်း နှင့် ဝရက်ဇ်ဟမ်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂းဝ၀ နာရီ)

ပရီးမီးယားလိဂ်ဖလားရဖူးတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဘလက်ဘန်းက အခုအချိန်မှာ ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေတာ တော်တော်လေး ကြာပါပြီ။ ဒီရာသီလည်း လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်နားကပ်နေပါတယ်။ ဝရက်ဇ်ဟမ်းကတော့ League Two အသင်းတစ်သင်းဖြစ်ပြီး လိဂ်ချန်ပီယံရှစ်အောက် နှစ်တန်းနိမ့်နေတဲ့လိဂ်က အသင်းပါ။ သူ့လိဂ်မှာတော့ ရလဒ်ကောင်းပေမဲ့ ဘလက်ဘန်းနဲ့ အဆင့်အတော်ကွာပါတယ်။ ဘလက်ဘန်းပဲ နိုင်လိမ့်မယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်တယ်။