ဘောလုံးပွဲကြိုခန့်မှန်း

■ လာလီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက် 

အက်သလက်တီကို – လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် ည ၇:၃၀ နာရီ)

အက်သလက်တီကိုကတော့ ချန်ပီယံမျှော်လင့်ချက်နည်းသွားတဲ့ လာလီဂါထက် ချန်ပီယံလိဂ်ဘက်ကိုအာရုံပိုစိုက်တော့မယ့်ပုံပါပဲ။ ဒါကြောင့် ဒီပွဲမှာ အက်သလက်တီကိုလူထုတ် ပုံအပြောင်းအလဲများနိုင်တယ်။ လက်စ်ပါမားစ်ကလည်း ကစားပုံကောင်းပေမယ့် အဝေးကွင်းမှာတော့နည်းနည်းလျော့နေပါသေးတယ်။ ပြိုင်ပွဲစုံနောက်ဆုံး (၂)ပွဲဆက်ရှုံးထားတဲ့ အက်သလက်တီကိုတို့ အခုလိုအိမ်ကွင်းပွဲမှာတော့ အနိုင်ရအောင်အား ထုတ်လာမှာပါ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ရွေးမယ်။



အိုဆာဆူနာ – ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် ည ၉:၄၅ နာရီ)

အိုဆာဆူနာကစားပုံနည်းနည်းတော့ပြန်တက်လာနေတယ်။ ကာဒစ်ဇ်ကလည်း ခံစစ်ကစားဖို့ကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့အသင်းလိုဖြစ်နေလို့ အိုဆာဆူနာတို့အိမ်ကွင်းမှာဂိုးရအောင်ကစားနိုင်ဖို့ပဲလိုပါလိမ့်မယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းပါပဲ။



ဆယ်လ်တာဗီဂို – ဘာစီလိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် ည ၁၂:၀၀ နာရီ) 

ဘာစီလိုနာကတော့ အဝေးကွင်းပွဲကျပ်တစ်ပွဲကိုကစားရပါဦးမယ်။ ဆယ်လ်တာဗီဂိုက အိမ်ကွင်းဆိုရင် ဘာစီလိုနာကို အမြဲအခက်တွေ့အောင်တုံ့ပြန်နိုင်စွမ်းရှိတယ်။ ဆယ်လ်တာဗီဂိုရဲ့ မာမာကျောကျောမြန်မြန်ဆန်ဆန်ကစားပြီး တန်ပြန်တိုက်စစ်ကောင်းမွန်တာတွေက ဘာစီလိုနာရဲ့မတည်ငြိမ်သေးတဲ့ ခံစစ်ကို ဒုက္ခပေးနိုင်ဦးမှာသေချာတယ်။ ဘာစီလိုနာကစားပုံ တိုးတက်လာတယ်ဆိုပေမယ့် ခံစစ်ပိုင်းကအမှားများပြီး အားနည်းနေဆဲပဲရှိသေးတယ်။ ဒီပွဲပြီးရင်လည်း နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲနွှဲရဦးမှာဆိုတော့ ဒဏ်ရာတွေအကြား အဆင်ပြေအောင် လူထုတ်ပုံလည်း အပြောင်းအလဲရှိနိုင်တယ်။ ဆယ်လ်တာဗီဂိုကလည်း တန်းဆင်းဇုန်နားမေးတင်နေလို့ အခုအိမ်ကွင်းပွဲမှာ အနည်းဆုံးအမှတ်ရဖို့တော့ အားကုန်ရုန်းလာမှာပါ။ ဘာစီလိုနာနိုင်ဖို့မလွယ်လို့ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးချင်တယ်။



ဗလင်စီယာ – ဆီဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂:၃၀ နာရီ)

နောက်ဆုံး (၂)ပွဲဆက်အနိုင်နဲ့ ဆီဗီလာကစားပုံပြန်တက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ ဗလင်စီယာကွင်းမှာ ဒီအနေအထားကို ဆီဗီလာ ဆက်ထိန်းနိုင်ပါ့မလား။ ဗလင်စီယာကလည်း အိမ်ကွင်းကောင်းတဲ့အသင်းပါ။ ဂိုးနည်းသရေပဲ မှန်းထားချင်တယ်။