ဘောလုံးပွဲကြိုခန့်မှန်း

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ – နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၃၀ နာရီ)

အက်စတွန်ဗီလာက အဆင့် (၄) နေရာ တိုက်ပွဲအတွက် လုံးဝအမှားမခံတဲ့နေရာကို ရောက်နေပြီ။ စပါးနဲ့ မန်ယူတို့ကို အသာရထားတဲ့ အမှတ်ကွာဟချက်က ဘာမှမပြောပလောက်တဲ့ အခြေအနေမှာ အိမ်ကွင်းပွဲစဉ်တွေမှာတော့ လုံးဝအမှားခံလို့ မဖြစ်ဘူး။ နော်တင်ဟမ်ကလည်း ရလဒ်တွေကျနေပေမဲ့ နူနိုလက်ထက်မှာ တော်တော်လေး မာကျောပါတယ်။ ဒါပေမဲ့ ဗီလာအိမ်ကွင်းမှာတော့ ဗီလာ အနိုင်ကစားလိမ့်မယ်။ 



ဘရိုက်တန် – အဲဗာတန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၃၀ နာရီ)

ဘရိုက်တန်က နောက်ဆုံး (၃) ပွဲမှ နိုင်ပွဲ (၂) ပွဲ ပြန်ယူပြီး အခြေအနေပြန်ကောင်းလာတယ်။ အသင်းလိုက် ကစားပုံကောင်းတုန်းပဲ။ ဒါပေမဲ့ ပထမရာသီဝက်ကလောက် မကောင်းတော့ဘူး။ မီတိုမာလည်း နည်းနည်း ပြန်ကျချင်နေတယ်။ အဲဗာတန်ကတော့ နောက်ပိုင်းပွဲတွေမှာ သရေဆက်တိုက် ဖြစ်နေပြီး အားရစရာအခြေအနေ သိပ်မရှိဘူး။ ဘရိုက်တန်ပဲ အနိုင်ရဦးမှာပါ။ 



ခရစ္စတယ်ပဲလေ့စ် – ဘန်လေ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၃၀ နာရီ)

ပဲလေ့စ်ကို နည်းပြသစ်နဲ့ တွေ့ရတော့မယ်။ အသင်းရဲ့ အနေအထားက ကျရိပ်ပြနေတာ မှန်ပေမဲ့ သူဟာနဲ့ သူ နိုင်ပွဲလေး ထထယူရင်း တန်းဆင်းဇုန်ကို နည်းနည်းတော့ အမှတ်ဖြတ်ထားတယ်။ ဘန်လေက ဒီပွဲနိုင်မှ (၁၆) မှတ် ရမှာပါ။ မျှော်လင့်ချက် တော်တော်နည်းပါတယ်။ ပဲလေ့စ် ကြိုက်တယ်။ 



မန်ယူ – ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၃၀ နာရီ)

မန်ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကလည်း အရမ်းအားကောင်းလာတယ်။ ဖူလ်ဟမ်က ရလဒ်တွေ နည်းနည်းကျနေတာမှန်ပေမဲ့ သူ့ အဆင့်နဲ့ သူ မဆိုးပါဘူး။ တစ်ခါတလေ မထင်မှတ်ပဲ ခြေထစွာတာမျိုးလည်းတွေ့ရတယ်။ အသင်းငယ်တွေနဲ့ ကစားရင် ပုံမှန်ဖြစ်သွားပြီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ နဲ့ပွဲတွေမှာ တော်တော်ရုန်းနို်င်ခဲ့တယ်။ မန်ယူနိုက်တက်အတွက် အရေးကြီးတာက တိုက်စစ်ပိုင်းက ဂိုးမြူးနေတဲ့အပိုင်းဖြစ်ပြီး အသင်းလိုက် ယုံကြည်မှုလည်း တက်လာတယ်။ ယူနိုက်တက် နိုင်မယ်။ 



ဘုန်းမောက် – မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂:၀၀ နာရီ)

ဘုန်းမောက်အသင်းက ရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီးမှ နောက်ပိုင်းပွဲတွေမှာ နည်းနည်းလေး ရလဒ်ယိမ်းယိုင်သွားတယ်။ ကစားပုံ မဆိုးပေမဲ့ နိုင်ပွဲဝေးနေတာ တော်တော် ကြာလာတယ်။ အသင်းနည်းပြ အီရာအိုလာက ဂွါဒီယိုလာလိုပဲ စပိန်လူမျိုးနည်းပြတစ်ဦးဖြစ်ပြီး အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူပါ။ ဘုန်းမောက် တိုက်စစ်က ဆိုလန်ကီကိုလည်း မန်စီးတီးခံစစ် သတိထားရမယ်။ ကျန်တာကတော့ မန်စီးတီးအတွက် သိပ်တွေးစရာမရှိပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အနိုင်ယူသွားလိမ့်မယ်။ 



အာဆင်နယ် – နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၂:၃၀ နာရီ)

အာဆင်နယ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲမှာ စုစုပေါင်း သွင်းဂိုး (၂၁) ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ Clean Sheet (၃) ပွဲရခဲ့တယ်။ ပေးဂိုး (၂) ဂိုးပဲ ရှိခဲ့တယ်။ လက်ရှိ အာဆင်နယ်အသင်းရဲ့ Form၊ အာဆင်နယ်အသင်းရဲ့ Rhythm က အကောင်းဆုံးပုံစံရောက်နေတယ်။ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအရမ်းမြင့်တက်နေတယ်။ အသင်းကြီးတွေကိုလည်း အနိုင်ယူနိုင်စွမ်း ရှိလာသလို၊ အသင်းကောင်းတွေကိုလည်း အိမ်ကွင်း၊ အဝေးကွင်းမရွေး ဆက်တိုက်အနိုင်ကစားပြနေတာ တွေ့ရတယ်။ နယူးကာဆယ်အသင်းက တောက်လျှောက်ခြေစွမ်းကျဆင်းသွားခဲ့ပြီးတဲ့နောက် နောက်ဆုံး (၄) ပွဲမှာတော့ ရှုံးပွဲမရှိကစားလာတာ တွေ့ရတ်။ အိမ်ကွင်းပွဲတွေမှာ ရလဒ်ကျဆင်းနေပြီး အဝေးကွင်းမှာတော့ ဗီလာ၊ နော်တင်ဟမ်တို့လို အသင်းကောင်းတွေကို ဆက်တိုက်အနိုင်ယူထားတယ်။ အာဆင်နယ်အသင်းရဲ့ကွင်းဆိုပေမဲ့ ဒီပွဲက အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ အာဆင်နယ် အနိုင်ကစားလိမ့်မယ်။