ဘောလုံးပွဲကြိုခန့်မှန်း

စပိန်လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

ဗီလာရီးယဲလ် – ဂရန်နာဒါ (တနင်္ဂနွေည ရး၃၀ နာရီ)

ဗီလာရီးယဲလ်က တက်ရိပ်ပြလာပြီ။ ခံစစ်ပိုင်းစိတ်မချရ သေးပေမဲ့ တိုက်စစ်ကတော့ ဂိုးရအောင်ကစားနေတယ်။ အစဉ် အလာပိုင်းကိုကြည့်ရင်လည်း ဗီလာရီးယဲလ်က အသာစီးရထား တယ်။ အိမ်ရှင်နဲ့ ဂိုးအများကို ကြိုက်တယ်။

အက်သလက်တီကို – ဘက်တစ် ( တနင်္ဂနွေည ၉း၄၅ နာရီ)

ဘက်တစ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်လင့် လို့ ရလာပြီဖြစ်လို့ အက်သလက်တီကိုမက်ဒရစ်ဆီက အမှတ် ခွဲယူရေးကို ဦးစားပေးကစားလာနိုင်တယ်။ အက်သလက်တီကို ကလည်း အခုတလော ခံစစ်အားလျော့နေပြီး ချန်ပီယံလိဂ်ဘက် ကို ပိုမိုအာရုံစိုက်နိုင်တာကိုလည်း သတိပြုရပါမယ်။ အိမ်ကွင်း အားသာချက်ရှိတာမှန်ပေမဲ့ ဘက်တစ်ရဲ့ ကစားပုံကြောင့် အက် သလက်တီကိုအသင်း အခက်တွေ့နိုင်တယ်။ (၂)သင်းပေါင်း သွင်းဂိုးနည်းနိုင်ပြီး သရေကျဖို့များတဲ့ ပွဲလို့ထင်မိတယ်။

မာယော့ကာ  – ဂျီရိုနာ (တနင်္လာနံနက် ၀၀း၀၀ နာရီ)

မာယော့ကာရဲ့ အိမ်ကွင်းမာဂုဏ်ကြောင့် ဂျီရိုနာအသင်း ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မယ်။ မာယော့ကာက စပိန်ဘုရင့်ဖ လားပြိုင်ပွဲရှိလို့ ပွဲပန်းနေနိုင်ပေမဲ့ အိမ်ကွင်းကစားအားနဲ့ ဂျီရိုနာ ကို အကောင်းဆုံးရင်ဆိုင်လိမ့်မယ်။ ဂျီရိုနာအသင်း အမြင့်ဆုံး သရေပဲရမယ်။

ဘီလ်ဘာအို – ဘာစီလိုနာ ( တနင်္လာနံနက်  ၂း၃၀ နာရီ)

ဘာစီလိုနာကတော့ နောက်ဆုံးအချိန်အထိ ချန်ပီယံဆု အတွက် ကြိုးစားသွားမယ်လို့ ကြုံးဝါးထားတယ်။ ဒီပွဲမှာလည်း စပိန်ဘုရင့်ဖလားပြိုင်ပွဲတုန်းက ရှုံးေ<ကးကို ပြန်ဆပ်နိုင်ဖို့ ဘာ စီလိုနာအသင်း သေချာအားထုတ်ကစားဖို့ရှိတယ်။ လက်ရှိဘာ စီလိုနာရဲ့ အဝေးကွင်းကစားပုံကလည်း မဆိုးဘူးလို့ ဆိုနိုင်ပြီး စတီဂန်ပြန်ကစားလာပြီးနောက်ပိုင်းမှာ ခံစစ်တည်ငြိမ်လာတာ ကို တွေ့ရတယ်။ ဘီလ်ဘာအိုကလည်း အိမ်ကွင်းကစားပုံ ကောင်းတဲ့ အသင်းပါ။ ဒီပွဲမှာ နီကိုဝီလီယံစ်ပွဲပယ်ပြစ်ဒဏ် ကြောင့် မပါဝင်နိုင်ပေမဲ့လည်း သူတို့ရဲ့ တိုက်စစ်က အားနည်း သွားနိုင်ခြေတော့ သိပ်မရှိပါဘူး။ ဒါ့အပြင် စပိန်ဘုရင့်ဖလားပြိုင် ပွဲအဖြစ် အက်သလက်တီကိုနဲ့ ကစားခဲ့ရတာကြောင့်လည်း ဘီလ်ဘာအိုအသင်း ပွဲပန်းနေနိုင်တယ်။ ဘာစီလိုနာနဲ့ ဂိုးအ နည်းကို ရွေးထားချင်တယ်။