Premier League,  ဘောလုံးသတင်း

သက်တောင့်သက်သာနိုင်ပွဲနဲ့ ဇယားထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်ခဲ့တဲ့ ဂန်းနားများ

စနေနေ့ညက ဝုဗ်အိမ်ကွင်း မိုလီနာကို သွားရောက်ကစားခဲ့တဲ့ အာဆင်နယ်ဟာ ၂-၀ နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဖယားထိပ်ဆုံးနေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲစတင်ချိန်ကတည်းက အာဆင်နယ်က ပိုမိုကောင်းမွန်တဲ့အသင်းအဖြစ်နဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဝံပုလွေတွေကို ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ အဖွင့်ဂိုးရရှိဖို့အတွက် ၄၅ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ထရော့ဆာ့ဒ်က ဒီရာသီ ၉ ဂိုးမြောက်သွင်းဂိုးကို ဂျေးဇုရဲ့ ညာတောင်ပံကနေ ပေးပို့မှုကနေတဆင့် ဂိုးအပေါ်ထောင့်ထဲကို အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပဲ ဖြစ်ခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးကို ရရှိဖို့အတွက် နာကျင်အချိန်ပိုအထိ စောင့်ခဲ့ရပြီး ၉၀+၅ မိနစ်မှာ အော်ဒီဂွါဒ်က ကနဦး ဖြတ်တင်ပေးပို့မှုက လူထိလမ်းကြောင်းပြောင်းပြီး ပြန်ရောက်လာတာကို ဂျိုးဆေးဆားနဲ့ ဂိုးတိုင်ကြားကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဝုဗ်ကို သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် စနေနေ့မှာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲ ကစားခဲ့ရတဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS