Serie A,  ဘောလုံးသတင်း

ချူကွာဇီအား ခေါ်ယူနိုင်ရန် အေစီမီလန် အရှိန်မြှင့်ကြိုးပမ်းမည်

အေစီမီလန်အသင်းသည် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် စပိန်ကလပ်ဗီလာရီးယဲလ်အသင်းမှ နိုင်ဂျီးရီးယားလက်ရွေးစင်တောင်ပံကစားသမား ချူကွာဇီ (၂၄ နှစ်)အားခေါ်ယူရန် ပစ်မှတ်ထားနေပြီး ယခုရက်သတ္တပတ်အတွင်း အရှိန်မြှင့်ကြိုးပမ်းသွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။

လက်ရှိအချိန်တွင် အေစီမီလန်အသင်းအနေဖြင့် ချူကွာဇီအားခေါ်ယူရန် နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီး ဗီလာရီးယဲလ်အသင်း အလိုရှိနေသည့် ပြောင်းရွှေ့ကြေးယူရိုသန်း (၃၀)အတွက် ညှိနှိုင်းရန်သာကျန်ရှိတော့ကြောင်းသိရသည်။

ချူကွာဇီကို ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည့်အတွက် အေစီမီလန်အသင်းက အမြန်ဆုံးခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။